ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် အုတ်တွင်းမြို့နယ်၌ မိုးစပါးများအား သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ စုပေါင်းကြဲပက်ပွဲသရုပ်ပြသခြင်း လိုက်လံကြည့်ရှုအားပေး

 



အုတ်တွင်း ဩဂုတ် ၁၉

 

ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေး ကြီးကြပ်မှုကော်မတီ၏ ဦးဆောင်မှုဖြင့် သဘာဝမြေဩဇာနှင့် ဓာတ်မြေသြဇာ ရောစပ်ကြဲပက် သရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက နတ်စဉ်ကုန်းကျေးရွာအုပ်စု တောင်သူ ဦးမောင်စန်း၏ မိုးစပါး ဧက ၃၀၀ စံပြကွက်ကွင်း၌ ကျင်းပသည်။

 

တက်ရောက်

အဆိုပါ ကွင်းသရုပ်ပြပွဲသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့၊ ခရိုင်စီမံ ခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးလွင် နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးအဏ္ဏဝါအောင် နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ ရောစပ်ကြဲပက် ခြင်းအားဖြင့် မြေဆီလွှာဖွံ့ဖြိုး တိုးတက်ခြင်း၊ သီးနှံအထွက်နှုန်း ကောင်းမွန်ခြင်း၊ ကုန်ကျစရိတ်သက်သာခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)

No comments

Powered by Blogger.