ပြည်ထောင်စုဝန်ကြီး ဦးလှမိုး မိုးစပါးစိုက်တောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့် ဓာတ်မြေဩဇာသွင်းအားစု ပေးအပ်
နေပြည်တော် ဩဂုတ် ၁၉
မိုးစပါးစိုက်တောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့်
ဓာတ်မြေဩဇာသွင်းအားစုပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ် ကြောင်ရေကျေးရွာအုပ်စု
ကြောင်ရေကျေးရွာ တောင်သူအသိပညာပေးစင်တာ၌ ကျင်းပရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ကောင်စီဝင်များ၊
အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက
နေပြည်တော်ကောင်စီနှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ တောင်သူများ အဓိကလိုအပ်သော သွင်းအားစုနှင့်
မျိုးကောင်းမျိုးသန့်များရရှိရေး ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ သွင်းအားစု ဓာတ်မြေဩဇာများ
သုံးစွဲရာတွင်လည်း စိုက်ပျိုးရေး ဦးစီးဌာနမှ လမ်းညွှန်ထားသော သတ်မှတ်ရက်အလိုက် ထည့်သွင်းရမည့်ပမာဏ၊
ထည့်သွင်းနည်း စနစ်များကို စနစ်တကျမှန်ကန်အောင် ဆောင်ရွက် ကြရန်လိုအပ်ကြောင်း၊ သီးနှံပေါ်ပါက
ယခုသွင်းအားစု တန်ဖိုးများ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေများ၊ သမဝါယမချေးငွေများ၊
သမဝါယမချေးငွေများ၊ မြစိမ်းရောင် ချေးငွေများကို
အပြေအကျေ ပြန်ဆပ်ရန်လိုအပ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြားသည်။
ယင်းနောက် ဒေသခံတောင်သူများ၏ တင်ပြချက်များကို
ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော် ကောင်စီဥက္ကဋ္ဌတို့က ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် လယ်ဝေးမြို့နယ်အတွင်းရှိကြောင်ရေ၊
နောင်ဘို၊ သပြေပင်၊ ပြောင်ခေါင်းကြီး၊ ပေါက်မြိုင်၊ အလယ်ကျွန်း၊ သော်မှော်ကုန်း၊ ရွှေပြည်အေး
စသည့်ကျေးရွာ ရှစ်ရွာမှ မိုးစပါးစိုက် တောင်သူများအား သွင်းအားစုပုလဲဓာတ်မြေဩဇာများ
ထောက်ပံ့ပေးအပ်ကြပြီး စိုက်ပျိုးရေးဦးစီးဌာနမှ သဘာဝ မြေဩဇာများ ခင်းကျင်းပြသထားမှုများကို
လှည့်လည်ကြည့်ရှုအားပေးသည်။
ဆက်လက်၍ ကြောင်ရေစံပြကျေးရွာ၌ လုပ်ငန်းသုံးပစ္စည်းများ
ထောက်ပံ့ပေးထားသည့် သင်တန်းသူ များ၏ မိုးဘက်စုံသုံး ဆပ်ပြာရည်လုပ်ငန်း ဆောင်ရွက်နေမှုကို
သွားရောက်ကြည့်ရှုအားပေးပြီး ပြည်ထောင်စုဝန်ကြီးက ထုတ်လုပ်သည့်ပစ္စည်းများ အရည်အသွေးပြည့်မီရေး၊
ဈေးကွက်ရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးသွားရန် ဆွေးနွေးမှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်
ပျဉ်းမနားမြို့နယ် သမဝါယမအသင်းစုပိုင် ဘက်စုံသုံး ခြံသို့ ရောက်ရှိပြီး အသင်းပိုင်မြေ
၁၉ ဧကကျော်တွင် အသင်းသားတောင်သူများ၏ အောင်နိုင်တိုးအထွက် တိုးမျိုးစပါး စိုက်ပျိုးထားရှိမှု
အခြေအနေကိုလည်းကောင်း၊ ဘရာမင်ရွှေနီ နွားမျိုးနှင့် ဒေသနွားမွေးမြူ ရေးလုပ်ငန်းဆောင်ရွက်နေမှု
အခြေအနေကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး အောင်ရေရရှိရေး၊ ပေါင်းမြက်ကင်းစင်ရေးနှင့်
ဈေးကွက်ရရှိရေးကိစ္စရပ် များနှင့် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် ပေးခဲ့ကြောင်း
သိရသည်။
သတင်းစဉ်
No comments