ကယားပြည်နယ်ဝန်ကြီးချုပ် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နေမှု ကြည့်ရှုအားပေး
လွိုင်ကော် စက်တင်ဘာ ၁၅
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ယာယီ နေရပ်စွန့်ခွာရာမှ ပြန်လည်ဝင်ရောက်နေထိုင်ကြ သည့်ပြည်သူများ စနစ်တကျ ပြန်လည်နေထိုင်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပြီး အဆိုပါ ရပ်ကွက်/ကျေးရွာများရှိ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ် သင်ကြားနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် သည် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ ပြန်လည်ဖွင့်လှစ်သည့် အခြေခံပညာ အထက်တန်းကျောင်းနှင့် ထေးသမ(လေ့ကျင့်ရေးအလယ် တန်းကျောင်း)တို့သို့ သွားရောက်၍ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုကို ကြည့်ရှုအားပေးသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ယနေ့ပြန်လည်ဖွင့်လှစ်သည့် ပန်ကန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၊ မိုင်းလုံးရပ်ကွက် အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းနှင့် ထေးသမရပ်ကွက် ထေးသမ(လေ့ကျင့်ရေးအလယ် တန်းကျောင်း)တို့သို့ ရောက်ရှိကာ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ကျောင်းသားမိဘ များနှင့်တွေ့ဆုံ၍ ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေး စကားပြောကြားပြီး ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာဖြင့် ပညာသင်ကြားနေမှုများ ကို လှည့်လည်ကြည့်ရှုအားပေးရာ ပြည်နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ကျောင်းဖွင့်လှစ် ထားရှိမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ယနေ့ ပြန်လည်ဖွင့်လှစ်သည့် အခြေခံပညာ ကျောင်းသုံးကျောင်းတွင် ကျောင်းသား ကျောင်းသူ ဦးရေ ၃၈၀ တက်ရောက် ပညာသင်ကြားလျက်ရှိပြီး နေရပ်ပြန်လည် ဝင်ရောက်လာသည့် ကျောင်းသား ကျောင်းသူများကို ကျောင်းအပ်နှံ/လက်ခံခြင်းများ ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)
No comments