ဗလင်စီယာအသင်းကို ခြောက်ဂိုးပြတ်ဖြင့် အနိုင်ရပြီး ဘာစီလိုနာအသင်း စပိန်လာလီဂါ အမှတ်ပေး ဇယား ဒုတိယနေရာတက်လှမ်း
စပိန်လာလီဂါပွဲစဉ် (၄) ရဲ့
စက်တင်ဘာ ၁၄ ရက်ညပိုင်း နောက်ဆုံးပွဲစဉ်ဖြစ်တဲ့
ဘာစီလိုနာ အသင်းနဲ့ ဗလင်စီယာအသင်းတို့ ပွဲစဉ်မှာ ဘာစီလိုနာအသင်းက ဗလင်စီယာအသင်းကို ခြောက်ဂိုး
ပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဘာစီလိုနာအသင်းနဲ့ ဗလင်စီယာအသင်းတို့ပွဲစဉ်မှာ
ဘာစီလိုနာအသင်းအတွက် သွင်းဂိုးတွေကို လိုပက်ဇ်ကနှစ်ဂိုး၊ ရာဖင်ဟာကနှစ်ဂိုးနဲ့ လီဝန်ဒိုစကီးကနှစ်ဂိုး
သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ ဗလင်စီယာအသင်းကို
အနိုင်ရရှိခဲ့ပြီးနောက် လာလီဂါပွဲစဉ်လေးပွဲ
ကစားပြီး ချိန်မှာ သုံးပွဲနိုင်၊ တစ်ပွဲသရေ ရမှတ် ၁၀ မှတ်နဲ့ အမှတ်ပေးဇယားအဆင့်(၂)
နေရာမှာ ရပ်တည် နေတာ ဖြစ်ပါတယ်။
အမှတ်ပေးဇယားထိပ်ဆုံးမှာတော့
ရီးယဲလ်မက်ဒရစ်အသင်းက လေးပွဲကစား လေးပွဲစလုံး အနိုင်ရရှိ ကာ ရမှတ် ၁၂ မှတ်နဲ့ ထိပ်ဆုံးမှာ
ရပ်တည်နေတာဖြစ်ပါတယ်။
စက်တင်ဘာ ၁၄ ရက်ညပိုင်းက
ယှဉ်ပြိုင်ကစားခဲ့တဲ့အခြားသော စပိန်လာလီဂါပွဲစဉ်တွေ မှာတော့ ဆယ်လ်တာဗီဂိုအသင်းနဲ့ ဂျီရိုနာအသင်းတို့ပွဲစဉ်မှာ တစ်ဖက်တစ်ဂိုးစီသရေ၊ လီဗန်တေးအသင်းနဲ့ ရီးယဲလ်ဘတ်တစ်အသင်းတို့ပွဲစဉ်မှာ
တစ်ဖက်နှစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့ပြီး အိုဆာဆူနာ အသင်းနဲ့ ဗယ်လက်ကာနိုအသင်းတို့ပွဲစဉ်မှာတော့
အိုဆာဆူနာအသင်းက နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိ ခဲ့တာဖြစ်ပါတယ်။
ငွေကြယ်
No comments