တပ်ကုန်းမြို့၌ ပညာရေး ငွေစုငွေချေး သမဝါယမအသင်း၏ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာစည်းဝေး

 



တပ်ကုန်း စက်တင်ဘာ ၂၁

ပြည်ထောင်စနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ် ပညာရေး ငွေစုငွေချေးသမဝါယမ အသင်း (လီမိတက်) ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် ဂုဏ်ထူးဆု ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း ပြည်သာနိုင်ဓမ္မာရုံ၌ ကျင်းပသည်။

အဆိုပါ အခမ်းအနားတွင် သဘာပတိအဖြစ် အသင်းဥက္ကဋ္ဌ ဦးခင်မောင်လွင်က ဆောင်ရွက်ပြီး အသင်းတိုးတက်အောင် ဆောင်ရွက်နိုင်မှု အခြေအနေများကို ရှင်းလင်းပြောကြားကာ မြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးမှူး ဦးထွန်းထွန်းဝင်း၊ မြို့နယ်ပညာ ရေးမှူးရုံးမှ ဒုတိယပညာရေးမှူး ဦးအောင်အောင်ဌေးတို့က ပညာရေးငွေစုငွေချေး သမဝါယမအသင်း စည်းကမ်းချက်များကို ရှင်းလင်း ပြောကြားသည်။

ထို့နောက် ပညာရေးငွေစု ငွေချေး သမဝါယမအသင်းမှ အမှုဆောင်အဖွဲ့ဝင်များက ဘဏ္ဍာနှစ် အစီအရင်ခံစာနှင့် အသင်းသား စာရင်းစစ် အစီအရင်ခံများအား ဖတ်ကြားပြီး အစုအပေါ်အမြတ် စုဆောင်းငွေပေါ် အတိုးများ၊ ကုန်ကျန်ရှင်းတမ်းများ ရှင်းလင်း တင်ပြခဲ့ပြီး  တက္ကသိုလ်ဝင် စာမေးပွဲတွင် အသင်းဝင်များ၏ သားသမီး ဂုဏ်ထူးရရှိသည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ထူးတစ်ဘာသာလျှင် ငွေကျပ် သုံးသောင်းနှုန်းဖြင့် လေးဘာသာ ဂုဏ်ထူးရှင် တစ်ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင်နှစ်ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် နှစ်ဦး၊ တစ်ဘာသာ ဂုဏ်ထူးရှင်တစ်ဦးတို့အား ဂုဏ်ပြု ဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

တင်စိုးလွင်

No comments

Powered by Blogger.