ပြင်ဦးလွင်မြို့နယ်၌ ကျွဲနွားထောက်ကျေးရွာ “ပညာရောင်ခြည်” စာကြည့်တိုက်ဖွင့်ပွဲ ကျင်းပ

 



ပြင်ဦးလွင် စက်တင်ဘာ ၂၁

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ကျွဲနွားထောက်ကျေးရွာတွင် ပညာရောင်ခြည်စာကြည့်တိုက် အဆောက်အအုံသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက အဆိုပါစာကြည့်တိုက်ရှေ့၌ ကျင်းပခဲ့သည်။

 

ဦးစွာ ပညာရောင်ခြည်စာကြည့်တိုက် အဆောက်အအုံသစ်ကို ပြင်ဦးလွင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထူး၊ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းဦး၊ ပြင်ဦးလွင်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်အောင်လွင်၊ မြို့မိမြို့ဖဥက္ကဋ္ဌ ဦးအောင်မြင်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဌေးမြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

 

ဆက်လက်ပြီး တာဝန်ရှိသူများက ပညာရောင်ခြည်စာကြည့်တိုက်အတွက် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းခဲ့ရာ စာကြည့်တိုက်မှူးက လက်ခံရယူပြီး စာကြည့်တိုက်အတွင်း ကျောင်းသား ကျောင်းသူများ စာပေဖတ်ရှုလေ့လာနေမှုနှင့် စာအုပ်စာစောင်များထားရှိမှု အခြေအနေများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

No comments

Powered by Blogger.