ဘားအံမြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးနေမှုများ ကွင်းဆင်းကြည့်ရှု
ဘားအံ စက်တင်ဘာ ၁၆
ကရင်ပြည်နယ် ဘားအံမြို့နယ်အတွင်း မိုးစပါးစီမံကိန်းတွင် ပါဝင်သော ကော့တရုတ်ရ ကျေးရွာတက်သစ် စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမ အသင်း၏ လယ်ယာလုပ်ငန်းခွင်တွင် အောင်နိုင်တိုးမိုးစပါး စိုက်ပျိုးနေမှုကို ပြည်နယ်သမဝါယမ ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်အေးပွင့်နှင့် တာဝန်ရှိသူများ ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်း ကြည့်ရှုကြသည်။
ဘားအံမြို့နယ်သည် ဒေသရေမြေ အနေအထားအရ ရေကျ နောက်စိုက်စပါး စိုက်ပျိုးလျက်ရှိပြီး စိုက်ခင်းများ၌ ပိုးမွှားများ ကျရောက်မှုမရှိစေရေး၊ မြေဩဇာ သွင်းအားစုများ အချိန်ကာလအလိုက် စနစ်တကျ ထည့်သွင်းနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိပြီး တောင်သူများ ဝင်ငွေတိုးပွားစေရေးနှင့် စိုက်ပျိုးစဉ်ကာလအတွင်း လိုအပ်ချက်များကို ဦးစီးဌာနသို့ အချိန်မီတင်ပြနိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
No comments