အင်းစိန်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ထူးချွန်စွာ အောင်မြင်သူများအား ပညာရည်ချွန်ဆုချီးမြှင့်

 



ရန်ကုန် စက်တင်ဘာ ၁၆

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌   ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင်   ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား ကျောင်းသူများအား ပညာရည်ချွန် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းရှိ ဧရာဝတီ ခန်းမ၌ ကျင်းပသည်။

 အခမ်းအနားတွင် အင်းစိန်မြို့နယ် အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်း   မိဘဆရာအသင်းဥက္ကဋ္ဌ   ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီမြင့်နှင့် အသင်းနာယက၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်   အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင် ဦးဘိုကြည် (ဒေါက်တာ ဗိုလ်သံမဏိ-တောင်တွင်းကြီး) တို့က အမှာစကားများ ပြောကြား၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ပညာရည်ချွန်ဆု ရရှိခဲ့ကြသည့် ခြောက်ဘာသာဂုဏ်ထူးရှင်တစ်ဦး၊ သုံးဘာသာဂုဏ်ထူးရှင်တစ်ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင်တစ်ဦး၊ တစ်ဘာသာဂုဏ်ထူးရှင်ငါးဦး၊ Grade-10 မှ ထပ်ဆင့်လူရည်ချွန်တစ်ဦး၊ နိုင်ငံတကာအဆင့်မီ ပန်းချီပညာရှင်တစ်ဦးနှင့် အလယ်တန်းအဆင့် ထူးချွန်ဆုများကို   ကျောင်းမိဘဆရာအသင်း   နာယက၊ ဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ ကျောင်းအကျိုးတော်ဆောင်များ၊   ဆရာမများက ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မြင့်ဦး

No comments

Powered by Blogger.