ရီးယဲလ်ဆိုစီဒက်အသင်းကို အနိုင်ရပြီး အမှတ်ပေးဇယားထိပ်ဆုံး၌ ရီးယဲလ်မက်ဒရစ်အသင်း ဆက်လက်ဦးဆောင်ခွင့်ရရှိ

 


ရီးယဲလ်ဆိုစီဒက်အသင်းနဲ့  ရီးယဲလ်မက်ဒရစ်အသင်းတို့ စက်တင်ဘာ ၁၃ ရက် ညပိုင်းက     ယှဉ်ပြိုင်ကစားခဲ့တဲ့   စပိန်လာလီဂါပွဲစဉ်(၄)မှာ ရီးယဲလ်မက်ဒရစ်အသင်းက ရီးယဲလ်ဆိုစီဒက်အသင်း ကို နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် စပိန်လာလီဂါ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်လက် ဦးဆောင်ခွင့်ရရှိခဲ့ပါတယ်။

ရီးယဲလ်ဆိုစီဒက်အသင်းနဲ့   ရီးယဲလ်မက်ဒရစ်အသင်းတို့ပွဲစဉ်မှာ ရီးယဲလ်မက်ဒရစ်အသင်းအတွက်  ဦးဆောင်ဂိုးကို ပထမပိုင်းပွဲကစားချိန် ၁၂ မိနစ်မှာ တိုက်စစ်မှူး အမ်ဘတ်ပီက သွင်းယူပေးခဲ့ပြီး ပထမပိုင်းပွဲကစားချိန် ၄၄ မိနစ်မှာ  ဂူလာက တစ်ဂိုး သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

အခုပွဲစဉ်မှာ ရီးယဲလ်မက်ဒရစ်အသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူပေးနိုင်ခဲ့တဲ့ တိုက်စစ်မှူး အမ်ဘတ်ပီဟာ ပြီးခဲ့တဲ့ဘောလုံး ရာသီအတွင်းကလည်း ရီးယဲလ်မက်ဒရစ်အသင်းနဲ့အတူ စပိန် လာလီဂါ သွင်းဂိုး ၃၁ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။   

ရီးယဲလ်မက်ဒရစ်အသင်းဟာ ပထမပိုင်းပွဲကစားချိန် ၃၂ မိနစ်မှာ ဟူဆန် တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရတာကြောင့် တစ်ယောက်လျော့နဲ့ ကစားခဲ့ရတာဖြစ်ပြီး ဒုတိယပိုင်းပွဲကစားချိန် ၅၆ မိနစ်မှာ အိုယာဇာဘယ်ရဲ့ ပင်နယ်တီသွင်းဂိုးကို ခွင့်ပြုပေးခဲ့ရတာဖြစ်ပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းဟာ ရီးယဲလ်ဆိုစီဒက်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် ယခုဘောလုံး ရာသီမှာ လာလီဂါပွဲစဉ်လေးပွဲကစားပြီးချိန်မှာ ရမှတ် ၁၂ မှတ်ရရှိခဲ့ပြီး ရာနှုန်းပြည့်နိုင်ပွဲနဲ့အတူ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။                        

ငွေကြယ်

No comments

Powered by Blogger.