ဗြိတိန်နိုင်ငံ၏လူဝင်မှုကြီးကြပ်ရေးမူဝါဒကို ပြည်သူများက ဆန့်ကျင်ဆန္ဒထုတ်ဖော်
လန်ဒန် စက်တင်ဘာ ၁၄
ဗြိတိန်နိုင်ငံ မြို့တော်လန်ဒန်၌ နိုင်ငံ၏လူဝင်မှုကြီးကြပ်ရေးမူဝါဒကို ပြည်သူများက
ဆန့်ကျင်ဆန္ဒ ထုတ်ဖော်မှု ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
ဆန္ဒထုတ်ဖော်မှုသည် တစ်ပတ်ကျော်ကြာခဲ့ပြီး နိုင်ငံတစ်ဝန်းအထိ ပျံ့နှံ့လျက်ရှိသည်။
ဝေလပြည်နယ်ရှိ ဟိုတယ် ၂၀၀ ခန့်တွင် ခိုလှုံခွင့်တောင်းခံသူ ၃၀၀၀၀ ကျော်ကို နေထိုင်ခွင့်ပြု
ထားကြောင်း ဒေသတွင်း မီဒီယာများက သတင်းဖော်ပြသည်။
နိုင်ငံအရှေ့တောင်ပိုင်း အက်ဆက်မြို့ရှိ ဟိုတယ်တစ်ခုတွင် ခိုလှုံခွင့်တောင်းခံသူ
အီသီယိုးပီးယား နိုင်ငံသားတစ်ဦးက လိင်ပိုင်းဆိုင်ရာစော်ကားမှုနှင့် အခြားပြစ်မှုများကို
ကျူးလွန်ခဲ့ပြီးနောက် နိုင်ငံ သားများနှင့်
ခိုလှုံခွင့်တောင်းခံသူများအကြား တင်းမာမှုများ မြင့်တက်လာခဲ့သည်။
နိုင်ငံတစ်ဝန်းရှိ ခိုလှုံခွင့်တောင်းခံသူများနေထိုင်သည့်
အခြားဟိုတယ်များတွင်လည်း ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။
မြို့တော်လန်ဒန်၌ ဆန္ဒထုတ်ဖော်မှုကို နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တွမ်မီရောဘင်ဆန်က
စီစဉ်ခဲ့ ခြင်းဖြစ်သည်။
ဆန္ဒပြသူများက “သူတို့ကို အိမ်ပြန်ပို့ပါ”နှင့် “ကျွန်ုပ်တို့၏ကလေးများကို ကယ်တင်ပါ” ဟု ရေးသား ထားသည့် စာတန်းများကို ကိုင်ဆောင်ထား
သည်။
ဆန္ဒပြမှုတွင် ပြည်သူတစ်သိန်းကျော်ပါဝင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
ဆန္ဒထုတ်ဖော်သူများနှင့် ရဲတပ်ဖွဲ့ဝင်များကြား ထိပ်တိုက်ရင်ဆိုင်မှုဖြစ်ခဲ့ရာ
ရဲအရာရှိ ၂၆ ဦး ဒဏ်ရာ ရရှိခဲ့သည်။
ဆန္ဒထုတ်ဖော်သူ ၂၅ ဦးအား ဖမ်းဆီးခဲ့ကြောင်း အာဏာပိုင်များက ပြောကြားသည်။
ပြည်သူများ၏ ဆန္ဒထုတ်ဖော်မှုများကို တုံ့ပြန်သည့်အနေဖြင့် ဗြိတိန်အစိုးရက ခိုလှုံခွင့်တောင်းခံသူ
များအားထားရှိရန် ဟိုတယ်များအသုံးပြုမှုကို ဖြည်းဖြည်းချင်းရပ်ဆိုင်းမည့်အစီအစဉ်များကို
ကြေညာခဲ့ကြောင်း သိရသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်
No comments