အရှေ့အလယ်ပိုင်းတွင် နျူကလီးယားလက်နက်ကင်းမဲ့ဇုန်ထူထောင်ရေး အီဂျစ်တောင်းဆို
ကိုင်ရို စက်တင်ဘာ ၁၄
အရှေ့အလယ်ပိုင်းတွင် နျူကလီးယားလက်နက်ကင်းမဲ့ဇုန်တစ်ခုထူထောင်ရေး
အီဂျစ်က တောင်းဆို ခဲ့ကြောင်း သိရသည်။
လာမည့်သီတင်းပတ်တွင်ဗီယင်နာမြို့၌ကျင်းပမည့်
နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ အစည်း အဝေးတွင် ကမ္ဘာ့နိုင်ငံများအား နျူကလီးယားလက်နက်မပြန့်ပွားရေး
စာချုပ်တွင် ပါဝင်လက်မှတ် ရေးထိုးရန် အီဂျစ်ကတောင်းဆိုမည်ဟု အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာနက
ပြောကြားသည်။ စာချုပ် အား လိုက်နာ ဆောင်ရွက်ခြင်းဖြင့် ကမ္ဘာ့နိုင်ငံများကြား ပွင့်လင်းမြင်သာမှုကို မြှင့်တင်နိုင်မည် ဖြစ်ကာ
ဒေသတွင်းတင်းမာမှုများကိုလျှော့ချနိုင်မည်ဟု အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာနက မှတ်ချက်ပြုပြောကြားသည်။ အရှေ့အလယ်ပိုင်းအား နျူကလီးယားနှင့်
အစုလိုက်အပြုံလိုက်သေစေ နိုင်သည့် လက်နက်များကင်းမဲ့စေရေးဆောင်ရွက်ခြင်းသည် ဒေသတွင်းနှင့်နိုင်ငံတကာ
တည်ငြိမ်ရေး နှင့် လုံခြုံရေးရရှိစေရေးအတွက်
မရှိမဖြစ်လိုအပ်ချက်ဖြစ်သည်ဟု ၎င်းဝန်ကြီးဌာနက ပြောကြား သည်။ နျူကလီးယားလက်နက်များမပြန့်ပွားရေးအတွက်
နိုင်ငံတကာက ပူးပေါင်းဆောင်ရွက်ရေး အီဂျစ်ကတောင်းဆိုခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ
No comments