အစ္စရေးတပ်ဖွဲ့က ဂါဇာဒေသ၌ ထိုးစစ်မြှင့်တင်လျက်ရှိရာ ဒေသခံများ နေအိမ်များစွန့်ခွာထွက်ပြေး နေရ



ဂါဇာစီးတီး စက်တင်ဘာ ၁၄

အစ္စရေးတပ်ဖွဲ့က ဂါဇာဒေသ၌ ထိုးစစ်မြှင့်တင်လျက်ရှိသည့်အတွက် ဂါဇာမြို့ရှိ ဒေသခံများက နေ့ရောညပါ ၎င်းတို့၏ နေအိမ်များကို စွန့်ခွာထွက်ပြေးလျက်ရှိကြောင်း သိရသည်။

ဂါဇာကမ်းမြောင် မြောက်ပိုင်းရှိမြို့များကို ဖြတ်ကျော်တိုက်ခိုက်မှုများ ပြင်းထန်လာလျက်ရှိသည်။

အစ္စရေးက ဟားမတ်စ်၏ နောက်ဆုံးအမာခံနယ်မြေဖြစ်သည့် ဂါဇာစီးတီးကို တိုက်စစ်ဆင်ချေမှုန်း ရန် ကြိုးပမ်းလျက်ရှိသည်။ 

ပြည်သူ တစ်သန်းနီးပါးကိုလည်း  မြို့တော်မှ ထွက်ခွာပြီး လူသားချင်းစာနာထောက်ထားမှုဇုန်အဖြစ် သတ်မှတ်ပေးထားသည့် ကမ်းရိုးတန်းဒေသ၏ တောင်ဘက်ပိုင်းသို့ ရွှေ့ပြောင်းရန် အမိန့်ပေးခဲ့သည်။

ဂါဇာမြို့တောင်ဘက်သို့ ဆက်သွယ်သည့် လမ်းမကြီးတွင် နေ့ခင်းဘက်သာမက ညဘက်တွင်လည်း အိမ်သုံးကုန်ပစ္စည်းများ  တင်ဆောင်လာသည့် ထရပ်ကားများ၊ ကားများဖြင့်  ယာဉ်ကြောပိတ်ဆို့ လျက်ရှိသည်။

ဂါဇာမြို့တော်၌ နေထိုင်သူလေးပုံတစ်ပုံ (ပြည်သူ ၂၅၀၀၀၀) သည် စက်တင်ဘာ ၁၃ ရက်က ဘေးလွတ်ရာသို့  ရွှေ့ပြောင်းခဲ့ကြောင်း အစ္စရေးတပ်မတော်က ခန့်မှန်းပြောကြားသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်

No comments

Powered by Blogger.