အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအို အစ္စရေးသို့ရောက်ရှိ
ဂျေရုဆလင် စက်တင်ဘာ ၁၄
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုသည် စက်တင်ဘာ
၁၄ ရက်တွင် အစ္စရေးသို့ရောက်ရှိ လာသည်။
ကာတာနိုင်ငံ၌ အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုအပြီး
ဒေသတွင်းတင်းမာမှုများ မြင့်တက်လာပြီး ဂါဇာဒေသတွင် အစ္စရေး၏ စစ်ရေးအရတိုက်ခိုက်မှုမှာလည်း အရှိန်မြင့်လာသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးသည်
ဟားမားစ်တို့ ဖမ်းဆီးထားသည့် ဓားစာခံများပြန်လွှတ် ပေးရေး အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနှင့် တွေ့ဆုံသွားရန်
စီစဉ်ထားသည်။ ထို့ပြင် ဂါဇာကမ်းမြောင်ဒေသသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ဝင်ရောက်ခွင့်ပြု နိုင်မည့် နည်းလမ်းများနှင့်
အခြားသောကိစ္စရပ်များကိုလည်း ဆွေးနွေးသွားမည်ဖြစ်သည်။
အစ္စရေးတပ်ဖွဲ့သည် လူဦးရေတစ်သန်းနီးပါးနေထိုင်သည့် ဂါဇာမြို့တွင် တိုက်ခိုက်မှုများ
ဆက်လက် ပြုလုပ်လျက်ရှိသည်။ မြို့မှအရပ်သားများအားလုံး
ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရန်လည်း တောင်းဆိုထားသည်။ စက်တင်ဘာ ၁၃ ရက်က အစ္စရေးတို့၏
လေကြောင်းတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း လေးဦး သေဆုံးခဲ့သည်ဟု ပါလက်စတိုင်းမီဒီယာတွင် ဖော်ပြထားသည်။ ထိုစဉ် လွန်ခဲ့သောသီတင်းပတ်အတွင်းက ဟားမားစ်အရာရှိများကို ပစ်မှတ်ထား၍
ကာတာနိုင်ငံမြို့တော် တွင် အစ္စရေးတို့က
လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ယင်းဖြစ်ရပ်ကို တုံ့ပြန်သည့်အနေဖြင့် စက်တင်ဘာ
၁၄ ရက်တွင် အာရပ်နှင့် အစ္စလာမ္မစ်နိုင်ငံများ
အရေးပေါ်အစည်းအဝေးကို အိမ်ရှင် အဖြစ် လက်ခံကျင်းပမည်ဖြစ်ကြောင်း ကာတာနိုင်ငံက ကြေညာခဲ့သည်။
အင်န်အိတ်ချ်ကေ
No comments