မော်လ်ဒိုက် ကျောင်းသား ကျောင်းသူများ အဆင့်မြင့်ပညာရေးကူညီပံ့ပိုးမှုအဖြစ် အမေရိကန် ဒေါ်လာ ၆၉ သန်းကျော် ရရှိ

 


မာလီ စက်တင်ဘာ ၁၄

မော်လ်ဒိုက်နိုင်ငံ   အဆင့်မြင့်ပညာရေး၊ အလုပ်သမားနှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီး ဌာနသည်  ၂၀၂၄  ခုနှစ်မှစကာ အဆင့်မြင့်ပညာကို သင်ယူနေသည့် ကျောင်းသား ကျောင်းသူ များကို ချေးငွေနှင့်  ပညာသင်ဆုအတွက် အမေရိကန်ဒေါ်လာ ၆၉ သန်းကျော်ကို ချေးပေးခဲ့ကြောင်း သိရသည်။

၂၀၂၄  ခုနှစ်မှ  ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၁ ရက်အထိ ကျောင်းသား ကျောင်းသူ ၁၂၂၆ ဦးကို ချေးငွေဒေါ်လာ ၆၉ သန်းကျော်  တိုးချဲ့ပေးခဲ့ကြောင်း စက်တင်ဘာ  ၁၄ ရက် လူမှုကွန်ရက်မီဒီယာ တွင်  ဝန်ကြီးဌာနက ပြောကြားသည်။

ယင်းကာလအတွင်း   ဘွဲ့ကြိုအစီအစဉ်များတွင်    အမျိုးသား ၁၆၆၃  ဦးနှင့် အမျိုးသမီး ၂၈၀၆ ဦး   ကျောင်းသား   ကျောင်းသူ စုစုပေါင်း  ၄၄၆၉  ဦး  စာရင်းသွင်းထားကြောင်း၊ ယခုနှစ် ၂၂၃၇ ဦး အပါအဝင်  အလားတူကာလအတွင်း ကျောင်းသား ကျောင်းသူ ၅၅၇၉   ဦး  ဘွဲ့ရရှိခဲ့ကြောင်း ဝန်ကြီးဌာနက   ဆက်လက်ပြောကြားသည်။

ဆင်ဟွာ

No comments

Powered by Blogger.