စပိန်နိုင်ငံ မက်ဒရစ်မြို့၌ ပေါက်ကွဲမှုဖြစ်ပွား၊ ၂၁ ဦးထက်မနည်း ဒဏ်ရာရ

 


မက်ဒရစ်   စက်တင်ဘာ   ၁၄

စပိန်နိုင်ငံ   မြို့တော်မက်ဒရစ်၌ စက်တင်ဘာ ၁၃ ရက် မွန်းလွဲပိုင်း က  ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အဆောက်အအုံ တစ်စိတ်တစ်ပိုင်း ပြိုကျမှုဖြစ်ပွားသဖြင့်   ၂၁   ဦး ထက်မနည်း ဒဏ်ရာရရှိကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက   ပြောကြားသည်။

စပိန်နိုင်ငံ မက်ဒရစ်တောင်ပိုင်း ဘားတစ်ခုအတွင်း ညနေ ၃ နာရီဝန်းကျင်က   ပေါက်ကွဲမှုဖြစ်ပွား ခဲ့ကြောင်း   ပြည်တွင်းရုပ်မြင်သံကြား   ကွန်ရက်တယ်လီမက်ဒရစ် အရေးပေါ်ဝန်ဆောင်မှုအဖွဲ့က  ပြောကြားသည်။  သုံးဦးမှာ ဒဏ်ရာပြင်းထန်ကြောင်းအရေးပေါ်ဝန်ဆောင်မှုအဖွဲ့က ပြောကြား သည်။   အခင်းဖြစ်ပွားရာနေရာသို့  မီးသတ်တပ်ဖွဲ့ဝင်များ၊  လူနာတင်ယာဉ်များ၊ ဒေသခံနှင့် အမျိုးသားရဲအရာရှိများကို  စေလွှတ်ခဲ့ကြောင်း သိရသည်။ အခင်းဖြစ်ပွားရခြင်းအကြောင်းရင်းကို    စုံစမ်းစစ်ဆေးနေပြီး ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်နိုင်ကြောင်း   ကနဦးသတင်းများအရ သိရသည်။                   

ဆင်ဟွာ

No comments

Powered by Blogger.