တရုတ်နှင့်ထိုင်းနိုင်ငံတို့ ပူးတွဲလေကြောင်းလေ့ကျင့်မှုပြုလုပ်မည်


 

စက်တင်ဘာ ၁၅

 

ထိုင်းနိုင်ငံတွင် တရုတ်နှင့်ထိုင်းနိုင်ငံ ပူးတွဲလေကြောင်းလေ့ကျင့်မှုကို ယခုလနှောင်းပိုင်းတွင် ပြုလုပ်ရန်စီစဉ်ထားကြောင်း တရုတ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန အမ်အင်န်ဒီက ယနေ့တွင် ပြောကြားသည်။

 

တရုတ်နိုင်ငံအနေဖြင့် ပူးတွဲလေကြောင်းလေ့ကျင့်မှုတွင်ပါဝင်ရန် လေယာဉ်အမျိုးအစားများစွာနှင့် မြေပြင်လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များကို တပ်ဖြန့်ချထားမည်ဖြစ်ကြောင်း အမ်အင်န်ဒီ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

 

ထိုပူးတွဲလေ့ကျင့်မှုသည် တပ်မတော်နှစ်ရပ်အကြား လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုနှင့် အပြန်အလှန်ယုံကြည်မှုကို နက်ရှိုင်းစေကာ တပ်ဖွဲ့ဝင်များ၏ နည်းဗျူဟာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုနှင့် နည်းပညာကိုမြှင့်တင်ရန် အထောက်အကူဖြစ်စေသည်ဟု အမ်အင်န်ဒီက မှတ်ချက်ပြုသည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.