ဂါဇာဒေသ၌ ဆောင်ရွက်နေသည့် အစ္စရေးတပ်မတော်၏ တိုက်ခိုက်မှုများအား အကူအညီပေးမည် ဟု အမေရိကန်ပြောကြား
ဂျေရုဆလင် စက်တင်ဘာ ၁၅
ဂါဇာဒေသ၌ ဆောင်ရွက်နေသည့် အစ္စရေးတပ်မတော်၏ တိုက်ခိုက်မှုများအား အမေရိကန် က အကူအညီများပေးမည်ဟု အစ္စရေးနိုင်ငံသို့ ရောက်ရှိနေသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ပြောကြားသည်။
ဟားမတ်စ်အဖွဲ့အား ချေမှုန်းရေးအတွက် ဆောင်ရွက်ရန် ၎င်းက ပန်ကြားခဲ့သည်။
ဂါဇာဒေသခံများသည် ကောင်းမွန်သည့်
အနာဂတ်ကို ရရှိရေးအတွက် ထိုက်တန်သူများဖြစ်ကြောင်း
နှင့် ဟားမတ်စ်အဖွဲ့ကိုချေမှုန်းမှသာ ၎င်းတို့
အနာဂတ်ကိုရရှိမည်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ်
နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲကျင်းပစဉ်
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားသည်။
မကြာမီက ကာတာနိုင်ငံ ဒိုဟာမြို့တွင်
ညှိနှိုင်းရေးအတွက် ရောက်ရှိနေသည့် ဟားမတ်စ် ကိုယ်စားလှယ်အဖွဲ့အား အစ္စရေးက တိုက်ခိုက်ခဲ့ခြင်းနှင့်ပတ်သက်၍ အာရပ်နိုင်ငံများ၏ တုံ့ပြန်မှု ကို စောင့်ကြည့်ရမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားသည်။
မာကိုရူဘီယို အစ္စရေးသို့ လာရောက်လည်ပတ်နေသည့်အချိန်တွင် အစ္စရေးတပ်မတော်က ဂါဇာဒေသတွင်
တိုက်ခိုက်မှုများ ဆောင်ရွက်နေသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ
No comments