ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ၌ အီဘိုလာရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းများ ဆောင်ရွက်

 


ကင်ရှာဆာ စက်တင်ဘာ ၁၅

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ ကာဆီပြည်နယ်၌ အီဘိုလာရောဂါ ကူးစက်မှုများတွေ့ရှိရသဖြင့် ကာကွယ်ဆေးထိုးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က  ပြောကြားသည်။

ယခု ကာကွယ်ဆေးထိုးလုပ်ငန်းများဆောင်ရွက်ရာတွင်ကျန်းမာရေးလုပ်သားများနှင့် ရောဂါ ကူးစက်ခံရသူများနှင့် ထိတွေ့ခဲ့သူများအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။ အီဘိုလာရောဂါ ဖြစ်ပွားမှုဗဟိုချက်ဖြစ်သည့်   ဗူလာပီဒေသတွင် ကာကွယ်ဆေးအလုံး  ၄၀၀ ကို ထိုးပေးခဲ့သည်။  ကန်ဆီပြည်နယ်တွင်  စက်တင်ဘာ      ရက်က အီဘိုလာရောဂါ   ကူးစက်မှုများ တွေ့ရှိခဲ့ရသဖြင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ  ဆောင်ရွက်နေကြောင်း အာဖရိကကူးစက်ရောဂါ  ထိန်းချုပ်ရေး စင်တာ တာဝန်ရှိသူ ယွန်ကက်ဆီရာက ပြောကြားသည်။

လက်ရှိအချိန်တွင် အီဘိုလာရောဂါ ထပ်မံကူးစက်မှုများတွေ့ရှိနေရပြီး ကျန်းမာရေးစနစ်အား  စိန်ခေါ်မှုများ  ဖြစ်ပွားနေကြောင်း ၎င်းက ပြောကြားသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ

No comments

Powered by Blogger.