ကော့မှူးမြို့နယ် အထက(နတ်စင်ကုန်း)၌ လူငယ်စကားဝိုင်း ကျင်းပ
ကော့မှူး စက်တင်ဘာ ၁၅
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း ကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှု လူငယ်စကားဝိုင်း၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ကျပန်းစကားပြော ပြိုင်ပွဲ၊ ဂိမ်း ကစားပြိုင်ပွဲများကို စက်တင်ဘာ ၁၁ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း (နတ်စင်ကုန်း)၌ ကျင်းပသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးမင်းက အမှာစကား ပြောကြားသည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်နုနုကြည် က မုဒိတာစကား ပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က ဗလငါးတန် ဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားများ ကျင်းပပေးခြင်း ဖြစ်ကြောင်း ပြောကြားသည်။
ဆွေးနွေး
ထို့နောက် လူငယ်စကားဝိုင်းကို ကျင်းပရာ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က ဦးဆောင် ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး ကျောင်းသား ကျောင်းသူများက ခေါင်းစဉ်အသီးသီးဖြင့် ဆွေးနွေးခဲ့ ကြသည်။ ထို့နောက် ပြိုင်ပွဲများတွင် ဆုရရှိသူများနှင့် လူငယ် စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသူများကို ဆုများအသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်သူရ(ကော့မှူး)
No comments