လပွတ္တာခရိုင်အတွင်း ငါးသယံဇာတထိန်းသိမ်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
လပွတ္တာ စက်တင်ဘာ ၁၅
ဧရာဝတီတိုင်း ဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏
လမ်းညွှန်မှုဖြင့် လပွတ္တာခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတထိန်းသိမ်းရေး ပညာပေးဟောပြောပွဲများနှင့်
ကွင်းဆင်းဆောင်ရွက်ခြင်းလုပ်ငန်းများ ကိုစက်တင်ဘာ ၁၂ ရက်မှ ၁၄ ရက်အထိ ဆောင်ရွက်ခဲ့သည်။
လပွတ္တာခရိုင် ငါးလုပ်ငန်းဦးစီး ဌာနမှ
ခရိုင်ဦးစီးမှူး ဒေါ်ဝါဝါသိန်း၊ မြို့နယ်ငါးလုပ်ငန်း ဦးစီးမှူးများနှင့် ဝန်ထမ်းများသည်
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၀၂၂ ခုနှစ် မတ်လ ၂၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်
(၇/ ၂၀၂၂)အရ နှစ်စဉ် စက်တင်ဘာလ ၁၅ ရက်မှ အောက်တိုဘာ ၁၅ ရက်အထိ ငါးသလောက် ငါးမဖမ်းရ
ရာသီပိတ်ထားသည့် နေရာလေးနေရာအနက် လပွတ္တာ ခရိုင်အတွင်းရှိ ရွေးမြစ်ကြောင်း၊ ပြန်မလော့
မြစ်ကြောင်း၊ ဘိုကလေး-ရာဇူတိုင်-ဧရာဝတီ မြစ်ကြောင်းတွင် ပါဝင်သော ရာဇူတိုင်မြစ်တို့နှင့်
ဆက်စပ်ကျေးရွာများရှိ ရေလုပ်သားများအား သွားရောက်တွေ့ဆုံ၍ ရာသီပိတ် ကာလနှင့် နေရာဒေသများတွင်
ငါးသလောက်ဖမ်းဆီခြင်း မပြုကြရေးနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲများ ကျင်းပခဲ့သည်။
ခရိုင်ဦးစီးမှူးနှင့်အဖွဲ့က မြစ်ကြောင်းများအတွင်း
သွားရောက်ပြီး ရေလုပ်သားများနှင့်တွေ့ဆုံ၍ ငါးသယံဇာတ ထိန်းသိမ်းရေးလုပ်ငန်းများနှင့်
ငါးသလောက် ငါးမဖမ်းဆီးရ ရာသီပိတ်ကာလနှင့် ပတ်သက်၍ ကွင်းဆင်းပညာပေးလုပ်ငန်းများကိုလည်း
ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments