ကျိုက်ထိုမြို့ အထက(၁)၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ
ကျိုက်ထို စက်တင်ဘာ ၁၅
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအဖြစ် လူငယ်/လူရွယ်များ ဗလငါးတန် ဖွံ့ဖြိုးရေးလူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက ကျိုက်ထိုမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ဦးစွာ အထက(၁)ကျိုက်ထိုမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ဝေ နှင့် စာပေချစ်သူများ အသင်း အဖွဲ့ဝင် ဦးတင်ထွေးတို့က အမှာစကား ပြောကြားကြပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က လူငယ်စကားဝိုင်း ပြုလုပ်ပေးရသည့် ရည်ရွယ်ချက်ကို ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ စကားဝိုင်းကို ကျင်းပရာ ကျောင်းသား ကျောင်းသူများက ခေါင်းစဉ်အသီးသီးဖြင့် ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား ကျောင်းသူများက သိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးကြရာ စကားဝိုင်း ပါဝင်ဆွေးနွေးသူများက ပြန်လည် ရှင်းလင်းဖြေကြားပေးခဲ့ကြကြောင်း သိရသည်။
ကျိုက်ထို(ပြန်/ဆက်)
No comments