လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့် ငွေလုံးငွေရင်းများ ထုတ်ပေး

 



ရန်ကုန် စက်တင်ဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် အလုပ်ခွင်ထိခိုက်မှုကြောင့် အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့် ငွေလုံးငွေရင်းများ ထုတ်ပေးခြင်းကို စက်တင်ဘာ ၈ ရက်က မြို့နယ်လူမှုဖူလုံရေးရုံး၌ ထုတ်ပေးသည်။

အဆိုပါ  အကျုံးဝင် မှတ်ပုံတင်ထားသော United Tyre Group Co.,ltd  စက်ရုံမှ အာမခံအလုပ်သမား ဦးချစ်ဦး အလုပ်ခွင် ထိခိုက်မှုကြောင့် အမြဲတမ်း မသန်စွမ်းမှု အကျိုးခံစားခွင့် ငွေလုံးငွေရင်း ခွင့်ပြုငွေကျပ် ၃၈၈၀၈၀၀ နှင့် Myanmar York Fashion Co.,ltd မှ အာမခံအလုပ်သမား ဒေါ်ဧကရီဦး  အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့် ငွေလုံးငွေရင်း ခွင့်ပြုငွေကျပ် ၃၃၄၈၁၆၀ တို့အား ကာယကံရှင်များထံ ရန်ကုန်တိုင်းဒေသကြီး  လူမှုဖူလုံရေးရုံး တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းနွဲ့ဦးက ရုံးခွဲ တာဝန်ခံ၊ အလုပ်ဌာနမှ တာဝန်ရှိသူများ၊ မိသားစုဝင်များ၏ ရှေ့မှောက်တွင် ထုတ်ပေးခဲ့ပြီး ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေပါ အကျိုးခံစားခွင့်များအကြောင်း ရှင်းလင်း ပြောကြားခဲ့‌ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

No comments

Powered by Blogger.