ပြင်ဦးလွင်မြို့၌ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်

 



ပြင်ဦးလွင်  စက်တင်ဘာ   ၁၀  

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော ပြင်ဦးလွင်မြို့နယ်မှ ဂုဏ်ထူးရ ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို  ယမန်နေ့က   ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး(၅)ရှိ  မြို့တော်ခန်းမ ၌ ကျင်းပသည်။

ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးရဲထူးက အမှာစကားပြောကြား၍  တာဝန်ရှိသူများက ထူးချွန်ဂုဏ်ထူးရ ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုငွေ နှင့် ဂုဏ်ပြုလွှာများ   ပေးအပ် ချီးမြှင့်ခဲ့ကြသည်။

ပြင်ဦးလွင်မြို့နယ် အတွင်း ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ခြောက်ဘာသာဂုဏ်ထူးရှင် ငါးဦး၊ ငါးဘာသာဂုဏ်ထူးရှင် ၁၃  ဦး၊ လေးဘာသာဂုဏ်ထူးရှင် ၇၈  ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၂၈၅ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၂၅၀ နှင့် တစ်ဘာသာဂုဏ်ထူးရှင် ၃၄၆ ဦး စုစုပေါင်း ၉၇၇ ဦးတို့ ထူးချွန်စွာ အောင်မြင်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

No comments

Powered by Blogger.