ဌာနဆိုင်ရာရုံးလုပ်ငန်းများ အချိန်မီဆောင်ရွက်နိုင်စေရေးနှင့် စာရင်းဇယားများ ပြည့်စုံမှန်ကန်မှုရှိစေရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး
နေပြည်တော် စက်တင်ဘာ ၁၀
ပြည်ထောင်စုနယ်မြေ နေပြည်တော်သမဝါယမဦးစီးဌာန
အစည်းအဝေးခန်းမ၌ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ မြို့နယ်(၈)မြို့နယ်မှ တာဝန်ရှိသူများသည်
ဌာနဆိုင်ရာရုံးလုပ်ငန်းများ အချိန်မီဆောင်ရွက်နိုင်စေရေးနှင့် စာရင်းဇယားပြည့်စုံ မှန်ကန်မှုရှိစေရေး
ညှိနှိုင်းဆွေးနွေးပွဲကို ကျင်းပသည်။
မှာကြား
ဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူး ဒေါ်ဆုယဉ်မြင့်က
မြို့နယ်များအနေဖြင့် လုပ်ငန်းကဏ္ဍအလိုက် စာရင်းဇယားများကို ညွှန်ကြားရေးမှူးချုပ်ရုံးသို့
တင်ပြနိုင်ရေး တိုင်းရုံးသို့ အချိန်မီပြုစုပေးပို့ ဆောင်ရွက်ရန်လိုကြောင်း၊ ၂၀၂၄-၂၀၂၅
ဘဏ္ဍာနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးရေး စီမံကိန်းတွင်
စိုက်ဧက ၄၀၂၂ ဧကအတွက် သွင်းအားစုပံ့ပိုးငွေများကို စက်တင်ဘာလတတိယပတ်မှစ၍ ပြန်လည်ကောက်ခံပေးသွင်းရမည်ဖြစ်သဖြင့်
သတ်မှတ်ကာလအတွင်း အပြေအကျေပေးဆပ်နိုင် စေရေးကြီးကြပ်ဆောင်ရွက်သွားရန်လိုကြောင်း၊ ၂၀၂၅-၂၀၂၆
ဘဏ္ဍာနှစ် မိုးစပါးစိုက်ပျိုးရေး စီမံကိန်းတွင်လည်းနိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေ၊
နိုင်ငံတော် ထောက်ပံ့ငွေ (သက်တန့်ရောင်) ရန်ပုံငွေများဖြင့် သွင်းအားစုများ ပံ့ပိုးပေးထားသည့်
သမဝါယမ အသင်းစာရင်း၊ အသင်းသား စာရင်းများကို သတ်မှတ်ဇယားပုံစံများတွင် ပြည့်စုံမှန်ကန်မှု
ရှိစေရေး စိစစ်ကြီးကြပ်ဆောင်ရွက်ထားရှိရန် လိုအပ်ကြောင်း လမ်းညွှန်မှာကြားခဲ့ကြောင်း
သိရသည်။
သတင်းစဉ်

No comments