မြောက်ဥက္ကလာပမြို့နယ်၌ မီးဘေးအန္တရာယ်ကာကွယ်ရေး လက်တွေ့သရုပ်ပြသ

 



ရန်ကုန် စက်တင်ဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပ မြို့နယ်ရှိ အမှတ်(၄)အခြေခံပညာအလယ် တန်းကျောင်းတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား ကျောင်းသူများ အသိပညာဗဟု သုတများ ရရှိစေရန်အတွက် သဘာဝဘေးအန္တရာယ်နှင့် မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်နိုင် ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါ ကျောင်းတွင် ပြုလုပ်သည်။

ဦးစွာ အမှတ်(၄)အခြေခံပညာ အလယ်တန်း ကျောင်းအုပ်ဆရာကြီး ဦးဖုန်းနိုင်က အမှာစကား ပြောကြားပြီး မြို့နယ်မီးသတ် ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးစည်သူမျိုးက မီးဘေးအန္တရာယ် ကာကွယ်ရေးဆိုင်ရာ စနစ်များ၊ မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး မီးသတ်ဥပဒေများ၊ နည်းဥပဒေများ၊ မီးသတ်ဆေးဘူး သုံးစွဲနည်းများနှင့် ငလျင်ဘေးတွင် ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်မှုများ၊ အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့မှုနှင့် ပတ်သတ်၍ ကြိုတင်ကာကွယ်ရမည့် အကြောင်းအရာများ အသိပေး ဟောပြောသည်။

လေ့ကျင့်ဆောင်ရွက်

ယင်းနောက် မြို့နယ်မီးသတ် ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက အမှတ်(၄)အခြေခံပညာအလယ် တန်းကျောင်းရှိ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ အား ရှေးဦးမီးငြှိမ်းဆေးဘူးဖြင့် မီးငြှိမ်းသတ်ပုံများ၊ အဝတ်စိုဖြင့် မီးငြှိမ်းသတ်မှုများ ၊ မီးငြှိမ်းသတ် ပုံအမျိုးမျိုးတို့အား ကျောင်းသား ကျောင်းသူများကိုယ်တိုင် ပါဝင် လက်တွေ့ လေ့ကျင့်ဆောင်ရွက်ခဲ့ ကြကြောင်း သိရသည်။

 သက်လွင်စိုး (ပြန်/ဆက်)

No comments

Powered by Blogger.