MSME လုပ်ငန်းများ ယှဉ်ပြိုင်နိုင်စွမ်းနှင့် ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုများမြှင့်တင်ရန် လာအို လုပ်ဆောင်



ဗီယင်ကျန်း   စက်တင်ဘာ  ၁၀

လူငယ်များကို သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (ICT) စွမ်းရည်များ ပိုမို ဖြည့်ဆည်းပေး နိုင်ရန်   ရည်မှန်းချက်နှင့်အညီ   လာအိုနိုင်ငံသည် အသေးစား၊ အလတ်စားနှင့် အလယ်အလတ်စီးပွားရေးလုပ်ငန်းများ  (MSMEs)၏  ယှဉ်ပြိုင်နိုင်စွမ်းကို အားကောင်းလာစေရန်နှင့်     ဒစ်ဂျစ်တယ်ဆန်းသစ် တီထွင်မှုမှတစ်ဆင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင် ရန်     ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

၂၀၂၃-၂၀၂၅ နှစ်အတွင်း  လာအိုနိုင်ငံရှိ MSME လုပ်ငန်းများအတွက် ဒစ်ဂျစ်တယ်ဆန်းသစ်တီထွင် မှုဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက် ရေးစီမံကိန်းကို ပြန်လည်သုံးသပ်ရန် လာအိုစက်မှု နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အစည်းအဝေးခေါ်ယူခဲ့ကြောင်း      အဆိုပါဝန်ကြီးဌာန ၏ စက်တင်ဘာ   ၁၀  ရက်တွင်   ထုတ်ပြန်လိုက်သော အစီရင်ခံစာအရ သိရသည်။

အဆိုပါစီမံကိန်းသည်  ဒစ်ဂျစ်တယ်ဆန်းသစ် တီထွင်မှုမှတစ်ဆင့် MSME လုပ်ငန်းများ၊ စွန့်ဦးတီထွင် သူများနှင့် လုပ်ငန်းစတင်တည်ထောင်လုပ်ကိုင်မှုများ၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန် ရည်ရွယ်သည်။

အဆိုပါစီမံကိန်းသည် အလုပ်အကိုင်ပံ့ပိုးပေးရန်၊ စွန့်ဦးတီထွင်နိုင်စွမ်းကို  မြှင့်တင်ပေးရန်နှင့်  အသစ် သစ်သော လုပ်ငန်းစတင်တည်ထောင်လုပ်ကိုင်မှုများ ဖန်တီးခြင်းကိုမြှင့်တင်ပေးရန်အတွက်   တစ်ဦးချင်းစီကို ဒစ်ဂျစ်တယ်နှင့် အိုင်စီတီစွမ်းရည်များ ဖြည့်ဆည်းပေးရန် အာရုံစူးစိုက်လုပ်ဆောင် လျက်ရှိသည်။ အိုင်စီတီနှင့် ဆက်စပ်နည်းပညာများတွင် အဓိကအစိတ်အပိုင်းများအနေဖြင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဝန်ထမ်းလေ့ကျင့်ရေးတို့လည်း ပါဝင်သည်။

အဆိုပါစီမံကိန်းသည်   စွန့်ဦးတီထွင်မှုဆိုင်ရာ စနစ်များ ရင်းနှီးကျွမ်းဝင်ရေးအတွက် အရေးပါသော ခြေလှမ်းလည်းဖြစ်သည်။

ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုနှင့် ဆန်းသစ်တီထွင်မှုတို့ကို အားပေးမြှင့်တင်ခြင်းအားဖြင့် အဆိုပါစီမံကိန်း သည်  ယှဉ်ပြိုင်နိုင်စွမ်းကို   မြှင့်တင်ပေးပြီး   အလုပ်အကိုင်များဖန်တီးပေးကာ  နိုင်ငံ၏  ရေရှည် တည်တံ့သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို ပံ့ပိုးပေးနိုင်ရန် မျှော်လင့်သည်။              

ဆင်ဟွာ

No comments

Powered by Blogger.