မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်နှင့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့တို့တွင် ပါဝင်ခဲ့သော ရန်ကုန်တိုင်းဒေသကြီးမှ လူငယ်မောင်မယ်များနှင့် ပံ့ပိုးကူညီခဲ့ကြသူများအား ဂုဏ်ပြု
ရန်ကုန် စက်တင်ဘာ ၁၅
မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်နှင့်
အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ (International Youth Day)တို့တွင် ပါဝင်ဆင်နွှဲခဲ့သော
ရန်ကုန်တိုင်းဒေသကြီးမှ လူငယ်မောင်မယ်များနှင့် ပံ့ပိုးကူညီခဲ့ကြသူများအား ဂုဏ်ပြုပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက
ရန်ကုန်မြို့ သာကေတမြို့နယ်ရှိ လူငယ်စင်တာ၌ ကျင်းပသည်။
အဆိုပါ ဂုဏ်ပြုပွဲ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး
လူငယ်ရေးရာကော်မတီဒုတိယဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊
ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် လူငယ်ရေးရာအထောက်အကူပြု လုပ်ငန်းကော်မတီဥက္ကဋ္ဌ
ဦးဇော်လွင်ဦးနှင့် ကော်မတီဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ရန်ကုန်တိုင်းဒေသကြီးမှ
လူငယ်မောင်မယ်များ တက်ရောက်ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး
ဦးဌေးအောင်က ဂုဏ်ပြုအမှာစကား ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးနှင့်
တာဝန်ရှိသူများက မြန်မာ့အနာဂတ် မျက်နှာစာ လူငယ်မဟာဗျူဟာ ဖိုရမ် - ၂၀၂၅ တွင် ပါဝင်ဆင်နွှဲခဲ့ကြသည့်
ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု အုပ်စုငါးခုမှ လူငယ်မောင်မယ်များနှင့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့
(International Youth Day) တို့တွင် ပါဝင်ဆင်နွှဲခဲ့ကြသည့် ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု
အုပ်စုငါးခုမှ လူငယ်မောင်မယ်များ၊ မြန်မာ့အနာဂတ် မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ် - ၂၀၂၅
အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဖိုရမ်အထိမ်းအမှတ်အင်္ကျီများ ပံ့ပိုးပေးခဲ့သည့်
အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။
ယင်းအပြင် မြန်မာ့အနာဂတ် မျက်နှာစာ
လူငယ်မဟာဗျူဟာ ဖိုရမ် - ၂၀၂၅ နှင့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ (Internati-
onal Youth Day) တို့တွင် ပံ့ပိုးကူညီခဲ့ကြသော ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် လူငယ်ရေးရာ
အထောက်အကူပြု လုပ်ငန်းကော်မတီဝင်များအား ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း
သိရသည်။
အောင်မြင့်(ပြန်/ဆက်)
No comments