ပေါင်းတည်မြို့နယ်၌ ကင်ဆာရောဂါ အသိပညာမြှင့်တင်ရေး လှုပ်ရှားမှုများ ဆောင်ရွက်

 



ပေါင်းတည် စက်တင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ်၌ ပြည်သူလူထုအတွင်း ကင်ဆာရောဂါ အသိပညာမြှင့်တင်ရေး လှုပ်ရှားဆောင်ရွက်မှု လုပ်ငန်းများကို ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး၏ လမ်းညွှန်ချက်အရ ပေါင်းတည်မြို့နယ် ကုသရေးနှင့် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသန်းသန်းချစ် ဦးဆောင်၍ ပြည်သူလူထုအတွင်း ကင်ဆာရောဂါ  အသိပညာ မြှင့်တင်ရေး လှုပ်ရှားမှုများကို စက်တင်ဘာ ၁ ရက်မှ ၁၅ ရက် အထိ ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ကြရာတွင် နှီးနွှယ်ဌာနများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး၊ အမျိုးသမီးရေးရာ အသင်းအဖွဲ့များ၊ စေတနာ့ ဝန်ထမ်းအဖွဲ့များနှင့် ပူးပေါင်း၍ ပြည်သူ့ကျန်းမာရေးဌာန/ဌာနခွဲ အခြေပြု၊ ပြည်သူလူထုအခြေပြု၊ ကျောင်းအခြေပြုနှင့် ဆေးရုံ အခြေပြု ကဏ္ဍများ ခွဲခြား၍ ခံတွင်းကင်ဆာ၊ သားအိမ်ခေါင်း ကင်ဆာနှင့် ရင်သားကင်ဆာ ရောဂါ အသိပညာမြှင့်တင်ရေး ပညာပေးဆွေးနွေးပွဲများ၊ ပြခန်းများဖြင့် အသိပညာပေးခြင်း၊ သရုပ်ပြစမ်းသပ်ပြသခြင်း၊ ပိုစတာများ ချိတ်ဆွဲပြသခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရွှေသား(ပြန်/ဆက်)

No comments

Powered by Blogger.