ဓနုဖြူမြို့နယ်၌ ပလတ်စတစ် လျှော့ချသုံးစွဲရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

 



ဓနုဖြူ စက်တင်ဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်အတွင်း ပလတ်စတစ်လျှော့ချ သုံးစွဲနိုင်ရေးအတွက် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက  မြို့နယ်စည်ပင်သာယာရေး အဖွဲ့ပိုင် မြို့မစျေးနှင့် မြို့မစျေးဝန်းကျင်တွင် ဆောင်ရွက်ခဲ့သည်။

အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝင်းထွဋ်လွင်နှင့် ဝန်ထမ်းများ၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ မြို့နယ်အတွင်း ပလတ်စတစ် သုံးစွဲမှုလျှော့ချရေးအတွက် ပလတ်စတစ်အန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)

No comments

Powered by Blogger.