ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အာမခံအလုပ်သမားများ၏ သားသမီးများအား ပညာသင်စရိတ်ထောက်ပံ့

 



နေပြည်တော် စက်တင်ဘာ ၁၇

 

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အာမခံအလုပ်သမားများ၏ သားသမီးများအား ပညာသင်စရိတ် ထောက်ပံ့ခြင်းနှင့် မန္တလေးငလျင်ဘေးသင့် သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစု ထောက်ပံ့မှု အကျိုးခံစားခွင့်များပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းကပဲခူးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ဒုတိယဝန်ကြီးက အလုပ်သမားဝန်ကြီးဌာန၏ လုပ်ငန်းစဉ်နှင့် လူမှုဖူလုံရေးအဖွဲ့၏ အလုပ်ရှင်၊ အလုပ်သမားဆိုင်ရာ ဝန်ဆောင်မှုများနှင့် အလုပ်သမားများ၏ရပိုင်ခွင့် အချက်အလက်များကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ ဒုတိယဝန်ကြီးက အာမခံအလုပ်သမား ၈၅၆၉ ဦးအတွက် သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစု ထောက်ပံ့မှုအကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း ငွေကျပ် ၆၈၂ ဒသမ ၀၃၁ သန်းကိုလည်းကောင်း၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးထံ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်ဦးက အာမခံအလုပ်သမား ၄၆၇၁ ဦး၏ သားသမီး ၆၀၉၃ ဦးအတွက် ပညာသင်ထောက်ပံ့ကြေး ငွေကျပ် ၂၄၄ ဒသမ ၄၅၅ သန်းကို လည်းကောင်း လွှဲပြောင်းပေးအပ်သည်။

 

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့သည် တက်ရောက်လာကြသည့် ကုမ္ပဏီ၊ လုပ်ငန်းများမှ အာမခံအလုပ်သမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြပြီး အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့၏ ရွေ့လျားဆေးကုသရေးယာဉ်ဖြင့် အာမခံအလုပ်သမားများအား ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)

No comments

Powered by Blogger.