အုတ်တွင်းမြို့နယ်၌ စာဖတ်ဝိုင်း ကျင်းပ
အုတ်တွင်း စက်တင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း
(Book Club) အဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်
ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ခန်းမ၌ ဆောင်းပါးရှင် ကျော်ကိုကိုသွေး
ရေးသားသည့် “စာသင်ကျောင်း၏တန်ဖိုး” ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်
ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မူမူဝင်းက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏
ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်စာအုပ် စာစောင် ချစ်မြတ်နိုးသူများအသင်း
(Book Club) အဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ချို (စာရေးဆရာ ခင်မောင်ချို -ကညွတ်ကွင်း ) က လူ့အရင်းအမြစ်တို့
မွေးထုတ်ပေးရာဌာနတစ်ခုလည်း ဖြစ်သည်ဟု ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ
ကျောင်းသား ကျောင်းသူများအား အသိပညာဗဟုသုတရရှိစေရန်အတွက် ရည်ရွယ်၍ စာအုပ် စာစောင်ပြပွဲနှင့်
မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်များ ပြသဆောင်ရွက်ပေးခဲ့ကြောင်း
သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)
No comments