ကမ္ဘာ့ လူနာဘေးကင်းလုံခြုံရေးနေ့ ကျင်းပ
ရမည်းသင်း စက်တင်ဘာ ၁၇
၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၇ ရက်တွင် ကျရောက်သည့် ကမ္ဘာ့ လူနာဘေးကင်း လုံခြုံရေးနေ့ အထိမ်းအမှတ် Commuity Campaign ကို ရမည်းသင်းခရိုင် ခရိုင်ပြည်သူ့ဆေးရုံ၌ ယနေ့မွန်းလွဲပိုင်းက ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိန်မြင့်က အမှာစကားပြောကြားပြီး ဆေးရုံအုပ် ဒေါက်တာ အိအိခင်က ကျန်းမာရေးစောင့်ရှောက်မှု၏ အဓိကကျသည့်လူနာ ဘေးကင်းလုံခြုံရေး patient safty အကြောင်းကို ရှင်းလင်းပြောကြား သည်။ ဆက်လက်၍ ကလေးအထူးကုဆရာဝန် ဒေါက်တာ ကြည်ပြာဇော်ဝင်းက ကမ္ဘာ့လူနာဘေးကင်းလုံခြုံရေးနေ့၏ Theme ဖြစ်သည့် safe Care For Every Newborn and Every Child ခေါင်းစဉ်ဖြင့် ကျန်းမာရေး အသိပညာပေး ဟောပြောပြီး ကျန်းမာရေးဝန်ထမ်းများက လက်ဆေးနည်း၊ စနစ်တကျ နို့တိုက်ကျွေးနည်းများကို ဟောပြောခဲ့ကာ လူနာနှင့်လူနာစောင့်များအား လက်တွေ့သရုပ်ပြခြင်းနှင့် ဆေးရုံတက် ကလေးငယ်များအား အမှတ်တရလက်ဆောင်များ ပေးအပ်သည်။
ထို့နောက် အလှူရှင်တစ်ဦးက မွေးကင်းစကလေးငယ်သုံး Incubator တစ်ခု၊ Blue Photo တစ်ခုကို ပေးအပ်လှူဒါန်းရာ ဆေးရုံအထောက်အကူပြု ကော်မတီအဖွဲ့ဝင်များနှင့် အထူးကုဆရာဝန်ကြီးများက လက်ခံခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
No comments