အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မစ္စတာ ရှရီနာရန်ဒရာမိုဒီ၏ (၇၅)နှစ်မြောက် မွေးနေ့ကျင်းပ နိုင်ငံတကာမှ ခေါင်းဆောင်များ၊ အဖွဲ့အစည်းများက မွေးနေ့ဆုတောင်းစကားများ အသီးသီးပေးပို့



နေပြည်တော် စက်တင်ဘာ  ၁၇

အိန္ဒိယနိုင်ငံဝန်ကြီးချုပ်  မစ္စတာ ရှရီနာရန် ဒရာမိုဒီသည် ၁၉၅၀ ပြည့်နှစ် စက်တင်ဘာ  ၁၇ ရက်က မွေးဖွားခဲ့ပြီး ယနေ့တွင် ၇၅  နှစ် ပြည့်မြောက်ခဲ့ကြောင်း၊   အဆိုပါ   အိန္ဒိယဝန်ကြီးချုပ်၏    မွေးနေ့ပွဲကို ယနေ့ဒေသစံတော်ချိန်         နံနက် ၁၀ နာရီခွဲတွင် အိန္ဒိယနိုင်ငံ        Madhya Pradesh    ပြည်နယ် Dhar မြို့မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း။

ယနေ့တွင်ကျရောက်သည့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်၏ မွေးနေ့ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် အမေရိကန်ပြည်ထောင်စု၊   ရုရှား ဖက်ဒရေးရှင်း နိုင်ငံ၊ ဗြိတိန်နိုင်ငံစသည့် နိုင်ငံများနှင့် နိုင်ငံတကာမှ ခေါင်းဆောင်များ၊    အဖွဲ့အစည်းများ ကလည်း မွေးနေ့ဆုတောင်းစကားများ  အသီးသီးပေးပို့ခဲ့ကြကြောင်း အိန္ဒိယနိုင်ငံ DD News သတင်း ဌာန၏ ဖော်ပြချက်အရ သိရသည်။



No comments

Powered by Blogger.