ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဗဟိုအလုပ်အမှုဆောင်အသစ် ပြန်လည်ရွေးချယ်ပွဲကျင်းပ

 



ပုသိမ် စက်တင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဗဟိုအလုပ်အမှုဆောင်အသစ် ပြန်လည်ရွေးချယ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့ ဧရာရွှေဝါခန်းမ၌ ကျင်းပသည်။

 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်သည် တိုင်းဒေသကြီး စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်သည့် အဖွဲ့အစည်းတစ်ခု ဖြစ်ပါကြောင်း၊ လက်ရှိဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တွင် အသင်းပေါင်း ၃၉ သင်းဖြင့် ဖွဲ့စည်းဆောင်ရွက်ထားရှိပြီး ထုတ်လုပ်မှုဆိုင်ရာအသင်း ၂၂ သင်း၊ ဝန်ဆောင်မှုဆိုင်ရာအသင်း ၁၇ သင်းရှိပါကြောင်း၊ ယနေ့တွင် ဗဟိုအလုပ်အမှုဆောင်အသစ် ပြန်လည် ရွေးချယ်၍ ညီနောင်အသင်းများနှင့်တွဲဖက်ပြီး တိုင်းဒေသကြီး၏ စီးပွားရေးလုပ်ငန်းများကို ဦးစီး ဦးဆောင်ပြုဆောင်ရွက်မည့်အသင်းလည်းဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်အနေဖြင့် ဧရာဝတီတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေး အတွက် တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း အမှာစကားပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ဂုဏ်ပြုစကားများ ပြောကြားသည်။ ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဗဟိုအလုပ်အမှုဆောင် အသစ်ပြန်လည်ရွေးချယ်ပွဲ ကျင်းပကာ တက်ရောက်လာကြသူများက ဗဟိုအလုပ်အမှုဆောင်အသစ်များအား ရွေးချယ်ခဲ့ကြကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)

No comments

Powered by Blogger.