တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံး ကျောင်းများနှင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ
ပုသိမ် စက်တင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် အောင်ချက်အကောင်းဆုံး ကျောင်းများနှင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆု ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း ရတနာတန်ဆောင် ခန်းမ၌ ကျင်းပသည်။
ဦးစွာ အထက (၂)ပုသိမ်မှ ကျောင်းသား ကျောင်းသူများက ပညာရည်ချွန် ဆုနှင်းသဘင် သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့သည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး က အမှာစကား ပြောကြားသည်။ ထို့နောက် အောင်ချက်အကောင်းဆုံး ရရှိသော ကျောင်းများနှင့် ဂုဏ်ထူးရကျောင်းသား ကျောင်းသူများအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
No comments