ကျိုင်းတောင်းမြို့နယ် နောင်ခမ်းကျေးရွာရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်
နေပြည်တော် စက်တင်ဘာ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း) ကျိုင်းတောင်းမြို့နယ်
နောင်ခမ်းကျေးရွာရှိ ဒေသခံတိုင်းရင်းသား ပြည်သူများအား ယနေ့မွန်းလွဲပိုင်းတွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်
နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ
ဆောင်ရွက်ပေးသည်။
ဆောင်ရွက်ပေး
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က
ဒေသခံတိုင်းရင်းသားပြည်သူ ၁၉၈ ဦးတို့ကို သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ အစာအိမ်နှင့်
အူလမ်းကြောင်းဆိုင်ရာရောဂါ၊ အသည်းရောဂါ၊ ဦးနှောက် နှင့်အာရုံကြောဆိုင်ရာရောဂါ၊ အရိုးအကြောရောဂါ၊
သွားနှင့်ခံတွင်းရောဂါ၊ မျက်စိရောဂါ၊ အထွေထွေ ရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး
စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူများကို ခိုလမ်မြို့ရှိ
နယ်မြေခံဆေးတပ်ရင်း၌ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို
တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး
ဒေသခံတိုင်းရင်းသား ပြည်သူများအား အာဟာရပြည့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း
သိရသည်။
သတင်းစဉ်
No comments