တောင်ဥက္ကလာပမြို့နယ်၌ မြို့ပြရှာဖွေကယ်ဆယ်ရေး ဖွဲ့စည်းနိုင်ရန် ပြင်ဆင်လေ့ကျင့်မှု သင်တန်းဖွင့်

 



ရန်ကုန် စက်တင်ဘာ ၁၅

ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် မီးသတ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီက မြို့ပြရှာဖွေကယ်ဆယ် ရေး(Light Urban Search And Rescue Team) ဖွဲ့စည်းနိုင်ရန် ကြိုတင် ပြင်ဆင်လေ့ကျင့်မှု သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးမင်းစမ်းအေးက မီးဘေးလုံခြုံရေး လုပ်ငန်းများဖြစ်သည့် မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးငြှိမ်းသတ်ရေးလုပ်ငန်းများ ဆောင်ရွက်ရုံသာမက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကိုပါ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်စေရန် ခေတ်ကာလနှင့် လျော်ညီသည့် အဆင့်မြင့် ရှာဖွေကယ်ဆယ်ရေး နည်းစနစ်များကို စနစ်တကျ လေ့လာသင်ယူသွား ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို စက်တင်ဘာ ၁၅ ရက်မှ အောက်တိုဘာ ၁၀ ရက်အထိ ရက်သတ္တလေးပတ်တိုင်တိုင် သင်တန်းသား ၂၀ တို့ဖြင့် ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

သက်မင်းဟန်(ပြန်/ဆက်)

No comments

Powered by Blogger.