ရပ်စောက်မြို့နယ်၌ မိုးစပါး စိုက်ပျိုးထားရှိမှု ကွင်းဆင်းကြည့်ရှု
တောင်ကြီး စက်တင်ဘာ ၁၅
ရှမ်းပြည်နယ် (တောင်ပိုင်း) ရပ်စောက်မြို့နယ်
ပင်ဖြစ်ကျေးရွာ ကွင်းအမှတ်(၈၂)ရှိ စီမံကိန်းသီးနှံ (သက်တံ့ရောင်စီမံကိန်း) စိုက်ပျိုးလျက်ရှိသည့်
ရွှေဝါဝင်းမျိုးစေ့ ထုတ်လုပ်ရေးလုပ်ငန်း သမဝါယမ အသင်းလီမိတက်မှ မိုးစပါး စိုက်ပျိုးထားရှိမှု
အခြေအနေကို ယမန်နေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုကြသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန
ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့် နှင့်တာဝန်ရှိသူများက အသင်းမှလိုအပ်သည့် ငွေကြေးအရင်းအနှီးနှင့်
သွင်းအားစုများ ပြတ်လပ်မှု မရှိစေရေးအတွက် သက်ဆိုင်ရာ မြို့နယ်သမဝါယမအသင်းစုနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခဲ့ပြီး
သမဝါယမကဏ္ဍမှ စီမံကိန်းသီးနှံ စိုက်ပျိုးထုတ်လုပ်မှု၊ ရောင်းဝယ်မှု၊ ကြိတ်ခွဲဖြန့်ဖြူးမှု
လုပ်ငန်းစဉ်များ အောင်မြင်အောင် ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဝိုးတောင်း
No comments