ပါကစ္စတန်နိုင်ငံ၌ ရေလွှမ်းမိုးမှုကြောင့် လူပေါင်း ၉၆၀ ကျော်သေဆုံး၊ ၂ ဒသမ ၆ သန်းကျော် ဘေးလွတ်ရာသို့ပြောင်းရွှေ့
စက်တင်ဘာ ၁၅
ပါကစ္စတန်နိုင်ငံတွင်
ယခုနှစ် ဇွန်လနှောင်းပိုင်းမှစတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေလွှမ်းမိုးမှုများဖြစ်ပွားခဲ့ရာ
လူပေါင်း ၉၆၀ ကျော် သေဆုံးခဲ့ပြီး ပန်ဂျပ်ပြည်နယ်အလယ်ပိုင်းတွင် လူပေါင်း ၂ ဒသမ ၆ သန်းကျော်
ဘေးလွတ်ရာသို့ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။
ယခုနှစ်မုတ်သုံရာသီသည်
ဇွန်လတွင်စတင်ခဲ့ရာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည်။
ပန်ဂျပ်ပြည်နယ်တွင် လွန်ခဲ့သောသုံးလအတွင်း မိုးရွာသွန်းမှုသည် ပျမ်းမျှနှစ်ထက် ၃၆ ရာခိုင်နှုန်းပိုမိုရွာသွန်းခဲ့သည်ဟု
ဖော်ပြထားသည်။
အဆိုပါ ရေကြီးရေလျှံမှုများကြောင့်
ပန်ဂျပ်ပြည်နယ်တွင် ၂၇၅ ဦးအပါအဝင် နိုင်ငံတစ်ဝန်းတွင် ၉၆၃ ဦး သေဆုံးခဲ့သည်ဟု ဒေသန္တရဘေးအန္တရာယ်ဆိုင်ရာအာဏာပိုင်များက
ဆိုသည်။
မုတ်သုံမိုးသည်းထန်စွာ
ရွာသွန်းမှုကြောင့်ဖြစ်သော ရေကြီးရေလျှံမှုများသည် ရာသီဥတုဖောက်ပြန်မှုကြောင့် ပိုမိုဆိုးရွားလာသည်ဟု
ကျွမ်းကျင်သူများက ပြောသည်။
ပါကစ္စတန်အစိုးရသည်
ရေဘေးသင့်ပြည်သူများအတွက် စားရေရိက္ခာများ ဖြန့်ဝေပေးလျက်ရှိသည်။ ကမ္ဘာ့ကုလသမဂ္ဂက ကယ်ဆယ်ရေးပစ္စည်းတွေ
ထောက်ပံ့ပေးရန် ဒေါ်လာ ၅ သန်း ခွဲဝေချထားပေးသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
No comments