ပါကစ္စတန်နိုင်ငံ၌ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူအသစ် ၂၅ ဦးရှိ
အစ္စလာမ္မာဘတ် စက်တင်ဘာ ၁၅
ပါကစ္စတန်နိုင်ငံ မြို့တော်အစ္စလာမ္မာဘတ်၌
လွန်ခဲ့သည့် ၂၄ နာရီအတွင်း သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသူသစ် စုစုပေါင်း၂၅ ဦးတွေ့ရှိကြောင်း
ဒေသတွင်းကျန်းမာရေး အာဏာပိုင်များက စက်တင်ဘာ ၂၅ ရက်တွင် ပြောကြားသည်။ မြို့ပြတွင်
သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွား သူ ၁၂
ဦးနှင့် ကျေးလက်ဒေသတွင် ရောဂါဖြစ်ပွားသူ ၁၃ ဦးရှိကြောင်း၊ ထို့ကြောင့် ယခုနှစ်အတွင်း မြို့တော်
၌ ရောဂါဖြစ်ပွားသူအရေအတွက် စုစုပေါင်းမှာ ၄၆၀ ရှိပြီဖြစ်ကြောင်း ခရိုင်ကျန်းမာရေးရုံး
(ဒီအိတ်ချ်အို)က ထုတ်ပြန်ထားသည်။ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုကြောင့် မြို့တော်တစ်ဝန်း ဆေးရုံအသီးသီးတွင် ဆေးကုသမှုခံယူနေသူ ၂၁ ဦး ထက်မနည်းရှိကြောင်း သိရသည်။
ရောဂါဖြစ်ပွားသည့် ဒေသများတွင်
စောင့်ကြည့်ခြင်းနှင့် ပိုးလောက်လမ်းများကို ဖယ်ရှားခြင်း အပါအဝင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(ဒဗလျူအိတ်ချ်အို)၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ သွေးလွန် တုပ်ကွေး တုံ့ပြန်ရေးစီမံချက်များအားလုံးကို လုပ်ဆောင်လျက်ရှိကြောင်း ကျန်းမာရေးအာဏာပိုင် များက ပြောကြားသည်။
ဒီအိတ်ချ်အိုက ခြင်ပေါက်ပွားမှုကို
လျော့နည်းစေရန် ရေအိုးရေခွက်များနှင့် ရေစည်များကို ပုံမှန် သန့်ရှင်းရေးလုပ်ခြင်းကဲ့သို့သော ကြိုတင်ကာကွယ်မှုများလုပ်ဆောင်ရန် ဒေသခံများကို
တိုက်တွန်း ထားသည်။
ဆင်ဟွာ
No comments