အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အနီရောင်သတိပေးချက်ထုတ်ပြန်
နယူးဒေလီ စက်တင်ဘာ
၁၅
အိန္ဒိယနိုင်ငံ မိုးလေဝသဌာန (အိုင်အမ်ဒီ)သည် အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စက်တင်ဘာ
၁၅ ရက်တွင် အနီရောင်သတိပေးချက် ထုတ်ပြန်ခဲ့ကြောင်း
မီဒီယာများက ဖော်ပြထားသည်။
ကိုလာဘာကမ်းရိုးတန်း မိုးလေဝသစောင့်ကြည့်ရေးဌာနက စက်တင်ဘာ ၁၄ ရက်နှင့် ၁၅ ရက် နံနက်ပိုင်းအတွင်း မိုးရေချိန် ၁၀၀ မီလီမီတာကျော်ရွာသွန်းခဲ့သဖြင့် ပြင်းထန်သည့်ရေစီးနှင့် ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပွားခဲ့သည်။
မွမ်ဘိုင်းမြို့၌ စက်တင်ဘာ ၁၅ ရက်တွင် ဒုတိယမြောက်နေ့ အဖြစ် မိုးသည်းထန်စွာဆက်လက်ရွာသွန်းလျက်ရှိကြောင်း သတင်းစာ
Indian Express ၏ အွန်လိုင်းထုတ်ပြန်ချက်အရ သိရသည်။
ရထားသံလမ်းပေါ်၌ ရေများဝင်ရောက်မှုကြောင့် မွမ်ဘိုင်းမြို့အတွင်း ရထားပြေးဆွဲမှုများ ထိခိုက် ခဲ့ကြောင်း သိရသည်။
ဆင်ဟွာ
No comments