အမေရိကန်သမ္မတ ဗြိတိန်သို့ ဒုတိယအကြိမ်မြောက် ချစ်ကြည်ရေးခရီးရောက်ရှိ



လန်ဒန်  စက်တင်ဘာ  ၁၇

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည်    ဗြိတိန်နိုင်ငံ    လန်ဒန်မြို့ရှိ     စတန်းစတက်လေဆိပ်သို့ စက်တင်ဘာ ၁၆ ရက် နှောင်းပိုင်းက ရောက်ရှိခဲ့သည်။  နိုင်ငံတော်ဧည့်သည်အဖြစ် ဗြိတိန်သို့ ဒုတိယ အကြိမ်မြောက်   လာရောက်ခြင်းလည်းဖြစ်သည်။

လေဆိပ်တွင်    အမေရိကန်သမ္မတ ထရမ့်နှင့် သမ္မတကတော် မယ်လာနီယာတို့ကို ချားလ်ဘုရင်၏     ကိုယ်စားလှယ်တစ်ဦးက ကြိုဆိုခဲ့သည်။

ချားလ်ဘုရင်နှင့်  ယခင်ကတည်းက  မိတ်ဆွေများဖြစ်ကြပြီး  ဗြိတိန်သို့ ဒုတိယအကြိမ် ဖိတ်ကြား ခြင်းခံရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ထရမ့်ကပြောသည်။

ချားလ်ဘုရင်နှင့်  မိဖုရားကင်မီလာတို့သည် စက်တင်ဘာ ၁၇ ရက်တွင် ဝင်ဆာရဲတိုက်၌ အမေရိကန် သမ္မတထရမ့်တို့ ဇနီးမောင်နှံကို  ကြိုဆိုခဲ့သည်။ စက်တင်ဘာ ၁၈ ရက်တွင် ဗြိတိန်ဝန်ကြီးချုပ်  ကီရာစတာမားနှင့် အမေရိကန်သမ္မတ   ထရမ့်တို့  တွေ့ဆုံကြမည်ဖြစ်သည်။   

ဉာဏ်ရည်တု (အေအိုင်)၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းနှင့်  ကွမ်တမ်ကွန်ပျူတာ  အပါအဝင် အဆင့်မြင့် နည်းပညာများ ဖွံ့ဖြိုးတိုးတက်ရန် အမေရိကန်နှင့် ဗြိတိန်တို့ လက်မှတ်ရေးထိုးဖွယ်ရှိသည်။         

အင်န်အိတ်ချ်ကေ

No comments

Powered by Blogger.