ဓာတ်မြေဩဇာ အရောင်းဆိုင်များအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လိုက်လံစစ်ဆေး
ကန်ကြီးထောင့် စက်တင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနက ကြီးမှူး၍ မြို့နယ်အတွင်းရှိ ဓာတ်မြေသြဇာ အရောင်းဆိုင်များ၌ မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများနှင့် မီးလောင်မှုများ မဖြစ်ပွားစေရေးအတွက် လိုက်လံစစ်ဆေးခြင်းကို စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းက ဆောင်ရွက်ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်စိုး၏ လမ်းညွှန်မှုဖြင့် လက်ထောက်မီးသတ်ဦးစီးမှူး ဦးနိုင်သက်လင်း ဦးဆောင်၍ သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင်များက ဓာတ်မြေသြဇာ အရောင်းဆိုင်များတွင် Ammonium Nitrate ပါဝင်သည့် ဓာတ်မြေသြဇာများ ရောင်းချမှုရှိ/ မရှိစစ်ဆေးခြင်း၊ အရောင်းဆိုင်အတွင်း အသုံးပြုလျက်ရှိသော လျှပ်စစ်ပစ္စည်းများ ကောင်းမွန်မှုရှိ/ မရှိစစ်ဆေးခြင်း၊ ရေရရှိရေး ဆောင်ရွက်ထားရှိမှု အခြေအနေများ စစ်ဆေးခြင်း၊ မီးဘေးကြိုတင် ကာကွယ်ရေး ပစ္စည်းများနှင့် မီးသတ်ဆေးဘူး ထားရှိမှု အခြေအနေများ စစ်ဆေးခြင်းဖြင့် မီးဘေးအန္တရာယ် ကင်းဝေးစေရန် လိုက်လံစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
No comments