ဂျပန်မော်တော်ကားများ တင်သွင်းမှုအပေါ် အမေရိကန် အခွန် ၁၅ ရာခိုင်နှုန်း စည်းကြပ်



တိုကျို  စက်တင်ဘာ  ၁၇

အမေရိကန်သည် နှစ်နိုင်ငံသဘောတူညီချက်အရ ဂျပန်မှတင်သွင်းသည့်မော်တော်ကားများနှင့် ကား အစိတ်အပိုင်းများအပေါ်   ၁၅    ရာခိုင်နှုန်း အခွန်စည်းကြပ်မှုကို စက်တင်ဘာ ၁၆ ရက် ဂျပန်စံတော် ချိန် မွန်းလွဲ ၁ နာရီနောက်ပိုင်းတွင် စတင်လိုက်ကြောင်း သိရသည်။

အဆိုပါ ၁၅ ရာခိုင်နှုန်း အခွန်စည်းကြပ်ကောက်ခံမှုသည် ပြီးခဲ့သည့်ဧပြီလအတွင်းက      အမေရိကန် သမ္မတထရမ့်အစိုးရချမှတ်ခဲ့သည့် ဂျပန်မော်တော်ယာဉ်များအတွက် အခွန်စည်းကြပ်မှု ၂၅ ရာခိုင်နှုန်း နေရာတွင် အစားထိုးခဲ့ခြင်းဖြစ်သည်။

လက်ရှိစည်းမျည်းသစ်သည်     လုပ်ငန်းအကျိုးအမြတ်ကို    ထိခိုက်လာစေနိုင်သည်ဟု    ဂျပန်ကား ထုတ်လုပ်ရေးလုပ်ငန်းများစွာက  သတိပေးခဲ့သည်။

အင်န်အိတ်ချ်ကေ

No comments

Powered by Blogger.