တိုက်ကြီးမြို့နယ်၌ ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေး

 



တိုက်ကြီး စက်တင်ဘာ ၁၄

 

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တိုက်ကြီးခရိုင် ခရိုင်ဦးစီးမှူး ဦးသန်းထွဋ်အောင်၏ အနီးကပ်ကြီးကြပ်ကွပ်ကဲမှုဖြင့် တိုက်ကြီးမြို့နယ် ဦးစီးမှူး ဦးဝင်းဆွေ ဦးဆောင်၍ ပန်းခင်းစီမံချက်(၃)အရ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် Biometric Data ကောက်ယူ၍ UID ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး ခြင်းကို ယနေ့နံနက် ၉ နာရီက ရှမ်းစုရပ်ကွက် ရှမ်းကျောင်းကြီး နှီးဘုရားဓမ္မာရုံ၌ ဆောင်ရွက်သည်။

 

ယင်းသို့ ဆောင်ရွက်ခြင်းလုပ်ငန်းများကို ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသူအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှုအားပေးခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ ရှမ်းစုရပ်ကွက်အတွင်း နေထိုင်သူ ကျား ၄၅ ဦး၊ မ ၆၀ စုစုပေါင်း ၁၀၅ ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများ ဆောင်ရွက်ပေးသည်။

မြို့နယ်(ပြန်/ဆက်)

No comments

Powered by Blogger.