(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးပြုလုပ်
နေပြည်တော် စက်တင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင်ရဲတပ်ဖွဲ့မှ
(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်ပိုင်းတွင်
တိုက်ကြီးမြို့နယ် မစိုးရိမ်ဘုန်းကြီးကျောင်းအတွင်း၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်သည်။
တိုက်ကြီးခရိုင်ရဲတပ်ဖွဲ့မှ ခရိုင်ရဲတပ်ဖွဲ့မှူး
ဒုတိယရဲမှူးကြီး နေအောင်လွင် ဦးဆောင်၍ တပ်ဖွဲ့ဝင်/စာရေးဝန်ထမ်း စုစုပေါင်း ၆၁ ဦး တို့သည် (၆၁)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို
ကြိုဆိုဂုဏ်ပြုသောအားဖြင့် တိုက်ကြီးမြို့နယ် မင်္ဂလာရပ်ကွက် ရန်ကုန်-ပြည်လမ်းဘေးရှိ
မစိုးရိမ်ဘုန်းကြီးကျောင်းအတွင်း၌ ချုံနွယ်များ၊ မြက်ပင်များကို စုပေါင်းရှင်းလင်း
ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments