ဂျပန်နိုင်ငံ၌ ဇူလိုင်နှင့် သြဂုတ်လအတွင်း တောင်တက်ခြင်းကြောင့် မတော်တဆမှု ဖြစ်ပွားသူဦးရေ ၉၁၇ ဦးရှိ
တိုကျို စက်တင်ဘာ ၂၁
ဂျပန်နိုင်ငံတစ်ဝန်း၌ ဇူလိုင်လနှင့် သြဂုတ်လအတွင်း တောင်တက်ခြင်းကြောင့် မတော်တဆမှု ဖြစ်ပွားသူဦးရေ ၉၁၇ ဦးရှိပြီး နွေရာသီ
တောင်တက်ရာသီအတွက် စံချိန်သစ်တင်ခဲ့ကြောင်း ဂျပန်ရဲအရာရှိများက ပြောကြားသည်။
အဆိုပါ ကိန်းဂဏန်းသည် ယမန်နှစ် အလားတူကာလကထက် ၁၈၁ ဦးတိုးလာသည့်အပြင် ၁၉၆၈ ခုနှစ်တွင်
တောင်တက်ခြင်းကြောင့် ဖြစ်ပွားသည့် မတော်တဆမှုစံချိန်ထက် ပိုမိုများပြားကြောင်း အေဂျင်စီက ပြောကြားခဲ့သည်။
အဆိုပါ မတော်တဆမှုဖြစ်ပွားသူ ၉၁၇ ဦးအနက် ၄၈ ဦးသေဆုံးပြီး ခြောက်ဦးပျောက်ဆုံးလျက်ရှိ
သည်။
အသက် ၅၀ အရွယ်ရှိသည့် တောင်တက်သမား
၁၉၀ ရှိပြီး အသက် ၆၀ နှင့် ၇၀ အကြား ၁၆၆ ဦးရှိသည်။ အဆိုပါ အသက်အရွယ်အုပ်စုသည်
တောင်တက်သမားအားလုံး၏ ၆၀ ရာခိုင်နှုန်း ခန့် ရှိသည်။
တောင်တက်သမား ၂၁၆ ဦးမှာ ပြုတ်ကျခဲ့ပြီး ၁၇၁ ဦးမှာ လမ်းပျောက်ခဲ့သူများဖြစ်ကြောင်း
ရဲအရာရှိ များက ပြောကြားသည်။
ထို့ပြင် အခြားသော တောင်တက်သမားများက ဖျားနာခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းနှင့်
လမ်းချော်ကျ ခြင်းတို့ ဖြစ်ခဲ့ကြောင်း သိရသည်။ မတော်တဆမှုဖြစ်ပွားခဲ့သည့် တောင်တက်သမားများသည်
လုံလောက်သော အသိပညာနှင့် အတွေ့အကြုံမရှိသည့်အပြင် တောင်မတက်မီ ရာသီဥတုဆိုင်ရာ အချက်အလက်များကို
စစ်ဆေးရန် ပျက်ကွက်ခဲ့ကြောင်းနှင့် တောင်တက်ခြင်းအတွက် သင့်လျော်သော အဝတ်အစား၊ အသုံးအဆောင်များ မယူဆောင်ခဲ့ကြောင်း ရဲအရာရှိများက ဆက်လက်ပြောကြားသည်။
ဆောင်းဦးရာသီတွင် တောင်တက်ရန်စီစဉ်သူများအား
ဆက်သွယ်ရေးကိရိယာများနှင့် အခြား ပစ္စည်းများ အပြည့်အဝ ပြင်ဆင်မှုများ ပြုလုပ်ရန်လိုအပ်ကြောင်း
ရဲတပ်ဖွဲ့က တောင်းဆိုထားသည်။
တောင်တက်သမားများသည် ၎င်းတို့၏ ဘေးကင်းလုံခြုံမှုအတွက်
တောင်တက်အစီအစဉ်များ ချမှတ်ရာတွင် ရာသီဥတု အခြေအနေနှင့် ၎င်းတို့၏ ကိုယ်ကာယစွမ်းအားကို
ထည့်သွင်းစဉ်းစားရန် အကြံပြုထားသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်
No comments