မင်္ဂလာတောင်ညွန့်မြို့နယ်၌ မြန်မာအီလက်ထရောနစ် မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်
ရန်ကုန် စက်တင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်
ရေတွင်းကုန်းရပ်ကွက်၌ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) နှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့်
လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ယနေ့နံနက် ၁၀ နာရီကအမှတ်(၁၄)အခြေခံပညာမူလတန်းလွန်ကျောင်း၌
ဆောင်ရွက်သည်။
ဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ
ဦးရဲဝင်းထွန်းက မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ် မဲပေးစက် အသိပညာပေးခြင်းနှင့်
လက်တွေ့စမ်းသပ်မဲပေးခြင်းဆိုင်ရာ အသိပညာပေးခြင်းများကို ရှင်းလင်းပြောကြားသည်။ ယင်းနောက်
နည်းပြများက မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများ
ဆောင်ရွက်ကြရာ မဲဆန္ဒရှင်ပြည်သူများက စိတ်ပါဝင်စားစွာ လက်တွေ့စမ်းသပ်မဲပေးခဲ့ကြကြောင်း
သိရသည်။
မြို့နယ်(ပြန်/ဆက်)
No comments