လူငယ်ကြက်ခြေနီမူဝါဒ မိတ်ဆက်ခြင်းအခမ်းအနား ကျင်းပ

 



ရန်ကုန် စက်တင်ဘာ ၁၈

မြန်မာနိုင်ငံ ကြက်ခြေနီအသင်း လူငယ်ကြက်ခြေနီမူဝါဒ မိတ်ဆက်ခြင်း အခမ်းအနားကို စက်တင်ဘာ ၁၆ ရက်က ရန်ကုန်မြို့ရှိ INYA LAKE HOTEL ၌ ကျင်းပသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာမျိုးညွန့်က အမှာစကား ပြောကြားရာတွင် ယခုမူဝါဒသည် မူဝါဒသက်သက် မဟုတ်ဘဲ ကြက်ခြေနီလှုပ်ရှားမှုနှင့် လူထုအတွင်းမှ လူငယ်များ၏ အခန်းကဏ္ဍကို အားကောင်းစေမည့် မှတ်တိုင်တစ်ခု ဖြစ်ပါကြောင်း၊ အသင်း၏ ဖွံ့ဖြိုးတိုးတက်ရေး အခန်းကဏ္ဍတွင် အရေးကြီးသော ကဏ္ဍတစ်ခုဖြစ်ပါကြောင်း၊ လူငယ်များ၏ စွမ်းပကားဖြင့် အသင်း၏ ပိုမိုကောင်းမွန်သော အနာဂတ်ခရီးလမ်းကို မျှော်လင့်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ အသင်းအလုပ် အမှုဆောင် ပါမောက္ခဒေါက်တာ မာလာဝင်းက လူငယ်ကြက်ခြေနီ မူဝါဒရေးဆွဲခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

အခမ်းအနားသို့ အသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ မျိုးညွန့်နှင့် အလုပ်အမှုဆောင်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် ကြက်ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌများ၊ ဒုတိယ ဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းမှ မြန်မာနိုင်ငံဆိုင်ရာဌာနေ ကိုယ်စားလှယ် Ms. Nadia Khoury နှင့် တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီမှ တာဝန်ရှိသူများ၊ မိတ်ဖက် ကြက်ခြေနီအသင်းများမှ တာဝန်ရှိသူများနှင့် ကြက်ခြေနီလူငယ် ခေါင်းဆောင်များ တက်ရောက်ကြကြောင်း သိရသည်။  

သတင်းစဉ်

No comments

Powered by Blogger.