သထုံမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

 


သထုံ စက်တင်ဘာ ၁၈

မွန်ပြည်နယ် သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း လှမဉ္ဇူခန်းမ၌ ကျင်းပသည်။

ဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက ဟောပြောပွဲ ကျင်းပရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်စာရေးဆရာများ အသင်းဥက္ကဋ္ဌ စာရေးသူ ရွှေထုံခင်သီတာလှိုင်က လူငယ်များ အကျင့်စာရိတ္တ ကောင်းမွန်ရေး၊ ယဉ်ကျေးလိမ္မာရေး၊ အနာဂတ်အတွက် ရည်မှန်းချက်ထားရှိကြရေး၊ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ နေတတ်စေရေး၊ အချိန်ကို စီမံခန့်ခွဲတတ်စေရေး စသည့် လူငယ်များ ဘက်စုံဖွံ့ဖြိုးရေး ဆိုင်ရာများကို လည်းကောင်း ဆွေးနွေးဟောပြောကြရာ ကျောင်းသား ကျောင်းသူများက သိလိုသည်တို့ကို မေးမြန်းကြပြီး ဟောပြောသူများက ပြန်လည် ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)



No comments

Powered by Blogger.